Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မန်ယူကို ပြန်လာချင်တယ်ဆိုတာ သူ့စကား မဟုတ်ဘူးလို့ မော်ရင်ညို ပြော

မန်ယူဆီမှာ မပြီးပြတ်ခဲ့တာတွေရှိလို့ မန်ယူဆီကို ပြန်လာချင်တယ်လို့ မီဒီယာတွေရေးသားဖော်ပြနေတဲ့စကားလုံးတွေဟာ သူ့နှုတ်ကထွက်တဲ့စကားတွေ မဟုတ်ဘူးလို့ မော်ရင်ညိုက ပြောကြားလိုက်ပါတယ်။

မော်ရင်ညိုဟာ အသက် ၆၁ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၆ ရက်နေ့က ရိုးမားနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

သူ့အနေနဲ့ လုပ်ငန်းခွင်ထဲ ချက်ချင်းပြန်လာနိုင်အောင် စိတ်အားထက်သန်နေပြီး သူသဘောကျတဲ့အလုပ်တစ်ခုကနေ အခုကမ်းလှမ်းလာခဲ့ရင် အခုပဲ လုပ်ငန်းခွင်ထဲ ပြန်ဝင်မယ်လို့ မော်ရင်ညိုက ပြောကြားထားပါတယ်။

မန်ယူဆီမှာ မပြီးပြတ်သေးတဲ့လုပ်ငန်းစဉ်တွေရှိခဲ့တယ်ဆိုတဲ့စကားဟာ မဟုတ်ဘူးလို့ မော်ရင်ညိုက အသိပေးထားပြီး လက်ရှိမှာ မော်ရင်ညိုက ဂျာမန်စကားပြော သင်ကြားနေတဲ့အတွက် မော်ရင်ညိုရဲ့ရည်မှန်းချက်ဟာ ဘိုင်ယန်မြူးနစ်ကို တာဝန်ယူခွင့်ရဖို့ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။