Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မန်စီးတီးဆိုရင် မုန်းပါတယ်ဆိုတဲ့ မန်ယူလည်း အခုတော့ မန်စီးတီးကလူကို ဆရာတင်လိုက်ရပြီ

မန်ယူဟာ အမှုဆောင်အရာရှိချုပ်သစ် ခန့်အပ်လိုက်ပါပြီ။ ဘယ်သူ့ကို ခန့်အပ်လိုက်သလဲဆိုတော့ မန်စီးတီးမှာ အရေးပါတဲ့ရာထူးတစ်ခုကို ရရှိထားသူ အိုမာ ဘာရီဒါ ကို အသင်းရဲ့အမှုဆောင်အရာရှိချုပ်သစ်အဖြစ် မန်ယူက တာဝန်ပေးလိုက်တာပါ။

သိပ်မကြာခင်မှာပဲ သူ့တာဝန်ကို ထမ်းဆောင်ဖို့အတွက် ဘာရီဒါက မန်ယူဆီကို ရောက်လာတော့မှာပဲဖြစ်ပါတယ်။ ဘာရီဒါ ဟာ မန်စီးတီးရဲ့အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူထားရသူတော့ မဟုတ်ပါဘူး။

မန်စီးတီးရဲ့ဘောလုံးရေးရာအရာရှိချုပ်ကို မန်ယူက အမှုဆောင်အရာရှိချုပ်ရာထူး ထိုးအပ်ပြီး အသင်းဆီကို ခေါ်လိုက်ရပါတယ်။ ဘာရီဒါ ဟာ မန်စီးတီးနဲ့ ၉ နှစ်ကြာအောင် လက်တွဲအလုပ်လုပ်ခဲ့သူဖြစ်ပြီး အက်ဒ်ဝုဒ်ဝါးဒ်နဲ့ ရစ်ချတ်အာနိုးလ်တို့ ရာထူးနုတ်ထွက်သွားပြီးတဲ့နောက် လစ်လပ်နေတဲ့ အမှုဆောင်အရာရှိချုပ်နေရာအတွက် ဘာရီဒါကို မန်ယူရဲ့ရှယ်ယာတွေကို ဝယ်ယူလိုက်သူ ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ်က ခေါ်ယူလိုက်တာဖြစ်ပါတယ်။

နည်းပြကြီး ဖာဂူဆန် လက်ထက်တုန်းကဆိုရင် မန်စီးတီးကစားသမားတွေ၊ လီဗာပူးကစားသမားတွေနဲ့ ဂျာစီအင်္ကျီလဲတာကိုတောင် မကြိုက်ခဲ့တဲ့ မန်ယူရဲ့ကိန်းခန်းကြီးမှုတွေဟာ အခုတော့လည်း အကုန်ပြိုလဲခဲ့ရပါပြီ။ အသင်းကို ဦးဆောင်မယ့် အမှုဆောင်အရာရှိရာထူးအတွက်တောင် မန်စီးတီးဆီကလူကို ခေါ်ယူရတဲ့အဆင့် ဖြစ်လို့သွားခဲ့ပါပြီ။