———————————————————————————————————
မန္တလေးမြို့ (၃၅)လမ်းနဲ့ကမ်းနားလမ်းထောင့် (ဂေါဝိန်ဆိပ်)နေရာမှာ တစ်နိုင်ငံလုံးအနေနဲ့ (၂၀)ခုမြောက် EV ကားအားသွင်း Stationဖွင့်လှစ်နိုင်ခဲ့တယ်လို့သိရပါတယ်။
အခုအသစ်ဖွင့်လှစ်လိုက်တဲ့EV အားသွင်းနေရာမှာလည်း EVကား(၁၀)စီးတစ်ပြိုင်နက်ထဲ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။
နေပြည်တော်၊ရန်ကုန်၊မန္တလေးမြို့တွေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ EV အားသွင်း Stationတွေကို တည်ဆောက်နေတာဖြစ်ပြီး လတ်တလောမှာတော့ နေပြည်တော်မှာ (၆)နေရာ၊ရန်ကုန်မှာ(၈)နေရာ၊မန္တလေး (၈) နေရာနဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ (၉)နေရာစုစုပေါင်း(၃၁)နေရာကို Pilot Projectအနေနဲ့ အကောင်အထည်ဆောင်ရွက်နေတာဖြစ်ပါတယ်။
လက်ရှိ နေပြည်တော်၊ရန်ကုန်၊မန္တလေးမြို့တွေမှာဖွင့်ထားတဲ့EV အားသွင်း Stationတွေမှာ EVကား(၁၀) စီးတစ်ပြိုင်နက်ထဲ အားသွင်းနိုင်မှာဖြစ်ပြီး ကျန် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်က EV အားသွင်း Stationတွေမှာတော့ EVကားလေး(၁၀)စီးနဲ့ဘတ်စ်ကား (၄)စီးပါတပြိုက်နက်ထဲအားသွင်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။