မန္တလေးမြို့မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ညပိုင်းရောက်ရင် ၂၀၂၄ ခုနှစ် နှစ်သစ်ကူးကြိုဆိုပွဲကို ပျော်ပွဲရွှင်ပွဲတွေနဲ့ စည်စည်ကားကား ကျင်းပသွားမယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောကြားလိုက်ပါတယ်။
မန္တလေးမြို့မှာကျင်းပမယ့် နှစ်သစ်ကူးကြိုဆိုပွဲမှာ နိုင်ငံကျော်အနုပညာရှင်တွေရဲ့သီဆိုတီးခတ်ဖျော်ဖြေမှုတွေ၊ Countdown ရေတွက်မှုတွေနဲ့ ဟက်ပီးနယူးရီးယား နှစ်သစ်ကူးချိန်ရောက်ရင် မီးရှူးမီးပန်းများပစ်ဖောက်တာတွေ ပါဝင်မယ်လို့ သိရှိရပါတယ်။
ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ စည်စည်ကားကားကျင်းပမယ့် မန္တလေးမြို့က နှစ်သစ်ကူးကြိုဆိုပွဲတော်မှာ ပြည်သူတွေ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်စေဖို့အတွက် ကဏ္ဍအလိုက် လုပ်ငန်းစဉ်တွေကို လစ်ဟာမှုမရှိရလေအောင် စနစ်တကျကြပ်မတ်ထားဖို့ကိုလည်း တိုင်းဝန်ကြီးချုပ်က မှာကြားသွားခဲ့တယ်လို့ ဆိုပါတယ်။