၂၀၂၄၊နိုဝင်ဘာလ၊၁၃ရက်
မန္တလေးမြို့က တည်းခိုခန်းတစ်ခုမှာ အမျိုးသမီးတစ်ဦး အသတ်ခံရမှု နိုဝင်ဘာ ၁၁ ညပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ “မဏီစလ” လူမှုကူညီရေးအသင်းက သူတို့ရဲ့ ဖေ့ဘုတ်စ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မဟာအောင်မြေမြို့နယ် ၊ ၃၆လမ်း ၊လမ်း၇၀ နှင့် ၇၁လမ်းကြားမှာ ရှိတဲ့ တည်းခိုခန်းတစ်ခု(အမည်မဖော်ပြ)မှာ လာတည်းခိုတဲ့ အမျိုးသမီးတစ်ဦးကို ကုတင်ပေါ်တွင်သေဆုံးလျက်တွေ့ရှိခဲ့ရတာပြီး လက်ရှိမှာ ရုပ်အလောင်းကို မန္တလေးဆေးရုံကြီးကို ပို့ဆောင်လိုက်ပြီလို့သိရပါတယ်။
သေဆုံးသူအမျိုးသမီးဟာ သေဆုံးချိန်မှာ အပေါ်ပိုင်း အဝတ်စား မပါရှိဘဲဖြစ်နေပြီး မျက်နှာတွင် ဒဏ်ရာများ ရရှိထားသလို တည်းခိုခန်းကို လာရောက်စဉ်က စုံတွဲလာတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မှုခင်းဖြစ်စဉ်နဲ့ တ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေပြီလို့လဲ “မဏီစလ” လူမှုကူညီရေးအသင်းက ဖော်ပြခဲ့ပါတယ်။
ဓါတ်ပုံ- “မဏီစလ” လူမှုကူညီရေးအသင်း