Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မန္တလေးတိုင်းဒေသကြီးမှာ နာရီပိုင်းအတွင်း ငလျင် (၂)ကြိမ် အထိလှုပ်ခဲ့

၂၀၂၅၊ဧပြီလ၊၁၁ရက်

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ယနေ့ နေ့လည်ပိုင်းအတွင်း အင်အားအတန်အသင့်ပြင်းထန်တဲ့ ငလျင်၂ကြိမ်အထိ လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၁ရက် နေ့လည် ၁၀နာရီ ၅၉မိနစ်အချိန် ဝမ်းတွင်းမြို့ရဲ့ အရှေ့တောင်ဘက် (၅) မိုင်ခန့်အကွာ မြေအောက်အနက် ၁၀ ကီလိုမီတာ မှာ ဗဟိုပြုပြီး အင်အား ၅.၀ ရစ်(ခ်)တာစကေး ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့သလို နေ့လည် ၁၁နာရီ ၂၈မိနစ်အချိန် မလှိုင်မြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် (၃) မိုင်ခန့်အကွာ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဘဲ ဗဟိုပြုပြီး အင်အား ၄.၉ ရစ်(ခ်)တာစကေး ရှိတဲ့ ငလျင်လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားကြီး မန္တလေးငလျင် နောက်ပိုင်း လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲ ငလျင်အကြိမ်အရေအတွက်ဟာ ဧပြီလ ၁၁ရက်နေ့မှာ ၁၁၈ကြိမ်အထိကို ရောက်လာပြီလို့ သိရပါတယ်။

#Mercury#mercurynews#ငလျင်#မိုးလေ၀သ#မြန်မာ