Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မန္တလေးစာဖြေဌာနတွင် ကျင်းပမည့်ဂျပန်ဘာသာ (JLPT)စာမေးပွဲဖြေဆိုရမည့်နေရာပြောင်းရွေ့ကျင်းပ

————————————————————————

၂၀၂၅ခုနှစ်၊ဧပြီလ၊(၂၅)ရက်

ငလျင်ကြောင့် မန္တလေးမြို့အတွင်းရှိ JLPT စာဖြေဌာနများအဖြစ် အသုံးပြုမည့် တက္ကသိုလ်နဲ့ ကျောင်းတွေပျက်စီးခဲ့တဲ့အတွက် စာမေး‌ပွဲဖြေဆိုရမယ့် နေရာတွေပြောင်းရွေ့ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြင်ဆင်ချိန်ကြာမြင့်နိုင်လို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာစာမေးပွဲကို ကျင်းပပြုလုပ်ဖို့အခက်အခဲ‌ တွေရှိတဲ့အတွက် မန္တလေးစာဖြေဌာနအတွက် လျှောက် ထားခဲ့တဲ့စာဖြေသူတွေကို ရန်ကုန်စာဖြေဌာနမှာပြောင်းရွှေ့ဖြေဆိုနိုင်ဖို့ စီစဉ်သွားမယ်လို့ ဆိုပါတယ်။

Level အားလုံး ရန်ကုန်မြို့မှာပြောင်းလဲ‌ ဖြေဆိုသွားရမှာဖြစ်ပြီး ဖြေဆိုရန်အခက်အခဲရှိပါကစာမေးပွဲလျှောက်ထားမှုကိုပယ်ဖျက်(Cancel)ပြီးစာမေးပွဲကြေးကိုပြန်လည်ထုတ်ယူဖို့လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

စာမေးပွဲလျှောက်ထားမှုကို ပယ်ဖျက်လိုတဲ့ စာဖြေသူများအနေဖြင့် Google Form Link >> https://forms.gle/qQP81DXtFtu9prf97ဖော်ပြပါ Google Form မှ တစ်ဆင့် ၂၀၂၅ ဧပြီလ ၂၅ ရက်နေ့ မှ ၂၀၂၅ မေလ ၁၂ ရက်နေ့ (ညနေ ၄ နာရီ) အတွင်း စာရင်းပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။

#MERCURY#mercurynews#မြန်မာ#ဂျပန်