မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်းက ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးမှာ လူသောင်းချီ တိုးဝှေ့ကြရာကနေ လူအုပ်ပိလို့ အမျိုးသမီး ၂ ယောက် ေ…–သဆုံးသွားတယ်လို့ သိရပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ မနက် ၂ နာရီ ၂၅ မိနစ်အချိန်လောက်မှာ ပတ်စ်ပို့ရုံးရှေ့ လူအုပ်တိုးဝှေ့ ရာကနေ အမျိုးသမီး ၂ ယောက် လူအုပ်ပိကာ သေဆုံးသွားခဲ့တယ်လို့ သတင်းကြားသိရပါတယ်။
မန္တလေး နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးမှာ နေ့စဉ်နေ့တိုင်း နိုင်ငံကူးလက်မှတ်လျှောက်ထားသူ ၂၀၀ ဝန်းကျင်ကိုသာ လျှောက်လွှာတင်ခွင့်ပြုထားပေမယ့် ည ၁၂ နာရီဝန်းကျင်လောက်ကစပြီး နိုင်ငံကူးလက်မှတ်ရုံးရှေ့မှာ သောင်းနဲ့ချီတဲ့လူအုပ်ကြီး ညအိပ်စောင့်ဆိုင်း တန်းစီတာကနေ ညတိုင်းလိုလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒီနေ့ မနက် ၂ နာရီ ၃၅ မိနစ်အချိန်မှာ နိုင်ငံကူးလက်မှတ်ရုံးရှေ့ လူအုပ်ပိပြီး ေ..–သဆုံးသွားခဲ့သူ အမျိုးသမီး ၂ ယောက်က အသက် ၅၂ နှစ်အရွယ်ဒေါ်ခင်မျိုးအေးနဲ့ အသက် ၃၉ နှစ်အရွယ် မခိုင်ဝေ တို့ဖြစ်ကြပြီး တန်းစီတဲ့နေရာမှာ ရှေ့ဘက်ကိုရနိုင်ဖို့ တိုးဝှေ့ကာ နေရာလုရင်း အခုလို အဖြစ်ဆိုးနဲ့ ကြုံလိုက်ရတာဖြစ်ပါတယ်။
ေ..–သဆုံးသူ ၂ ယောက်ဟာ မန္တလေးမြို့၊ ညောင်ကွဲအကွက်မှ ဖြစ်ကြောင်း၊ အသက်ရှုကြပ်လို့ ေ..–သဆုံးသွားတာဖြစ်ကြောင်းနဲ့ မဌေးဌေးဝင်း ဆိုတဲ့ အမျိုးသမီးတစ်ယောက်လည်း လူအုပ်ပိလို့ ခြေထောက်ကျိုး သွားကြောင်း သိရှိရပါတယ်။