Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မတရားဖမ်းဆီးခံထားရသူများ အားလုံး ချက်ချင်းပြန်လွတ်ပေးဖို့ဒိန်းမတ်သံရုံး တောင်းဆို

၂၀၂၄၊အောက်တိုဘာလ၊၉ရက်

မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို ချက်ချင်းပြန်လွတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးက ဒီနေ့ရက်စွဲနဲ့တောင်းဆိုချက် ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုအတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းရပြီး မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချက်ချင်းပြန်လွတ်ပေးဖို့တောင်းဆိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုနဲ့ပတ်သတ်ပြီး နိုင်ငံတကာသံရုံးတွေရဲ့ ထုတ်ပြန်ချက်တွေမှာလည်း မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းပြန်လွတ်ပေးဖို့ကိုပါ ပူးတွဲဖော်ပြထားကြတာဖြစ်ပါတယ်။