မခိုင်နှင်းဝေက စည်းကမ်းချက်တွေနဲ့ မကိုက်ညီလို့ လက်မခံတာကြောင့် အမေရင်းထက် ပိုချစ်နိုင်တဲ့မိသားစုတွေ့ရင် မွေးထားတဲ့သမီးလေးကို ပေးလိုက်တော့မယ့် မအိမွန်
————————-
တစ်ကိုယ်ရည် Single Mother မအိမွန် ဟာ မကြာသေးခင်ကပဲ သမီးလေး မွေးဖွားခဲ့ပြီဖြစ်ပါတယ်။ မွေးဖွားပြီးတာနဲ့တပြိုင်နက် သူမ ရည်ရွယ်ထားခဲ့တဲ့အတိုင်း မွေးကင်းစသမီးလေးကို မခိုင်နှင်းဝေဆီ ပေးအပ်လိုက်ဖို့ မအိမွန်က ဆက်သွယ်ခဲ့တာပါ။ ဒါပေမဲ့ မခိုင်နှင်းဝေဘက်က သူတို့သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေနဲ့ မကိုက်ညီလို့ ဒီကလေးကို လက်မခံနိုင်ပါဘူးလို့ အကြောင်းပြန်ကြားခဲ့ကြောင်း မအိမွန်က ပြောပြပါတယ်။ အခုတော့ မအိမွန်ဟာ အမေရင်းဖြစ်တဲ့ သူမထက် ပိုပြီးချစ်နိုင်တဲ့၊ ကိုယ့်သွေးသားရင်းချာလို သဘောထားပြီး စောင့်ရှောက်မယ့် မိသားစုတွေ့ခဲ့ရင် မွေးကင်းစသမီးလေးကို မွေးစားဖို့ပေးလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါပြီ။ ခင်ပွန်းသည်က နောက်အိမ်ထောင်ယူပြီး သူမကို စွန့်ပစ်သွားတဲ့အချိန်မှာ ကိုယ်ဝန်နဲ့အတူ သားလေး ၂ ယောက် ကျန်နေရစ်ခဲ့တဲ့ မအိမွန်ဟာ လွယ်ထားတဲ့ကိုယ်ဝန်ကနေပြီး အခု သမီးလေးကို ဖွားမြင်ခဲ့တာပါ။ မိသားစုစားဝတ်နေရေးအတွက် သူမက အပြင်ထွက်ကာ အလုပ်လုပ်ရမှာဖြစ်လို့ သားလေး ၂ ယောက်ကို အိမ်နီးနားချင်းတွေဆီ အပ်ထားခဲ့လို့ ရပေမယ့် သမီးမိန်းကလေးကိုတော့ အဲ့ဒီလို အပ်ထားခဲ့ရမှာ စိတ်မချလို့ တစ်ကိုယ်ရည်မိခင် မအိမွန်က သမီးလေးကို လက်ခံမွေးစားပေးမယ့်မိသားစု လိုက်ရှာနေတာလို့ သိရပါတယ်။ မခိုင်နှင်းဝေက စည်းကမ်းချက်တွေနဲ့ မကိုက်ညီလို့ လက်မခံခဲ့တဲ့အတွက် အမေရင်းထက် ပိုချစ်နိုင်တဲ့မိသားစု ရှာတွေ့ခဲ့မယ်ဆိုရင် မွေးကင်းစသမီးလေးကို မွေးစားဖို့ ပေးလိုက်တော့မယ်ဆိုတဲ့ တစ်ကိုယ်ရည်မိခင် Single Mother မအိမွန်နဲ့ သူမရဲ့လက်ရှိမိသားစုအခြေအနေကို Mercury Variety ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #MaEiMon #မအိမွန် #Wife #Husband #အိမ်ထောင် #Children #ရင်သွေး #မိသားစု #Family #ကျွေးမွေးပြုစု #ဘဝရပ်တည်ရေး #KhineHininWai #ခိုင်နှင်းဝေ #Yangon #Myanmar