Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဘောလုံးကန်တာကနေ ရတဲ့လစာနဲ့ တက္ကသိုလ်တက်ပြီး ပညာသင်ခဲ့ရသူ ရွှေခေတ်ဘောလုံးသမားကြီး ဦးစိုးမြင့်

တက္ကသိုလ်တက်ဖို့ ငွေကြေးခက်ခဲလို့ မော်လမြိုင်ရဲအသင်းအတွက် ရဲလစာ တစ်လ ၈၂ ကျပ်ယူပြီး ဘောလုံးကန်ပေးရင် တက္ကသိုလ်တက်ခဲ့ရတဲ့ဘဝကနေ အင်္ဂလန်က ဘွဲ့ကို ရတဲ့အထိ ပညာရေးရော အားကစားမှာပါ အောင်မြင်ခဲ့သူ မြန်မာ့လက်ရွေးစင်ဘောလုံးသမားကြီး ဦးစိုးမြင့်
————————
ရွှေခေတ် မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းကြီး ဦးစိုးမြင့်ရဲ့ဘဝဖြတ်သန်းမှု အပိုင်း(၂)ကို ဆက်လက် တင်ဆက်ပေးလိုက်ပါတယ်။ အဘ ဦးစိုးမြင့်ဟာ ၁၀ တန်းအောင်လို့ တက္ကသိုလ်တက်ရမယ့်အချိန်မှာ မိသားစုက ငွေကြေးမပြည့်စုံလို့ မော်လမြိုင်ရဲအသင်းအတွက် ဘောလုံးကန်ပေးရင်း တက္ကသိုလ်တက်ဖို့ ငွေစုခဲ့ရသူဖြစ်ပါတယ်။ ရဲလစာ ၈၂ ကျပ်ကိုယူပြီး မော်လမြိုင်ရဲအသင်းအတွက် ဘောလုံးကန်ပေးရင်း အဘ ဦးစိုးမြင့်က တက္ကသိုလ်တက်ရောက်ခဲ့ရပါတယ်။ တက္ကသိုလ်ရောက်တော့ မော်လမြိုင်ရဲအသင်းအတွက် ကစားပေးနေတာကြောင့် ဆရာတွေဆီ အတိုင်ခံခဲ့ရပြီး အဘ ဦးစိုးမြင့်က မိသားစုရဲ့ငွေရေးကြေးရေးအခြေအနေကို ပြောပြလိုက်မှပဲ ဆရာက ခွင့်ပြုပေးခဲ့လို့ မော်လမြိုင်ရဲအသင်းအတွက် ဆက်ကစားပေးခွင့် ရရှိခဲ့တဲ့အကြောင်း အဘ ဦးစိုးမြင့်က ပြောပြပါတယ်။ ဒါတောင်မှ တက္ကသိုလ်လက်ရွေးစင်အသင်းနဲ့ မော်လမြိုင်ရဲအသင်း ဆုံတဲ့ပွဲကို ရောက်ရင် မော်လမြိုင်ရဲအသင်းဘက်က ဝင်မကစားပါဘူးဆိုတဲ့ကတိကို အဘ ဦးစိုးမြင့်က ပေးခဲ့ရသေးတာပါ။ မြန်မာဘောလုံးရွှေခေတ်ဆိုတာ အဘ ဦးစိုးမြင့်တို့ အစုအဖွဲ့နဲ့မှ စတင်ခဲ့သလို အဲ့ဒီလိုဖြစ်လာဖို့အတွက် ရှေ့မျိုးဆက်ကို ဖယ်ပြီး သူတို့လူငယ် မျိုးဆက်သစ်အဖွဲ့ကို နေရာပေးခဲ့တဲ့အကြောင်းလည်း အဘ ဦးစိုးမြင့်က ပြောပြပါတယ်။ တက္ကသိုလ်တက်ဖို့အတွက် ငွေရေးကြေးရေး ခက်ခဲလို့ မော်လမြိုင်ရဲအသင်းအတွက် ဘောလုံးကန်ပေးရင်း ရဲလစာ ၈၂ ကျပ်ကိုယူကာ ဘောလုံးကန်ပေးခဲ့ရာကနေ ရွှေခေတ် မြန်မာ့လက်ရွေးစင်ဘောလုံးသမားဖြစ်လာခဲ့သူ အဘ ဦးစိုးမြင့်ဟာ နောင်တစ်ချိန်မှာတော့ အင်္ဂလန်နိုင်ငံက ဘွဲကို ရယူနိုင်တဲ့အထိ ပညာရေးမှာရော အားကစားဘက်မှာပါ အောင်မြင်မှုဖြစ်လာခဲ့ပါတယ်။ အဘ ဦးစိုးမြင့်ရဲ့ဘဝဖြတ်သန်းမှုက စိတ်ဝင်စားစရာကောင်းလွန်းလို့ Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #ရဲလစာ #မော်လမြိုင်ရဲ #Mawlamyaing #မော်လမြိုင် #တက္ကသိုလ် #University #ငွေရေးကြေးရေး #ဦးစိုးမြင့် #USoeMyint #Defender #ခံစစ်မှူး #ဘောလုံး #ဘောလုံးရွှေခေတ် #Football #MyanmarFootball #Yangon #Myanmar