Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဘောက်ဆင်းဒေး ဘုရင်ကြီးဘွဲ့ကို မန်ယူ ဆက်ထိန်းနိုင်ပါ့မလား

ခရစ္စမတ်နေ့ ကျော်လွန်ပြီး နောက်တစ်နေ့ကိုရောက်ရင် ဘောက်ဆင်းဒေး ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ယှဉ်ပြိုင်ရပါတော့မယ်။ ပရီးမီးယားလိဂ်မှာ King of Boxing Day အဖြစ် ရပ်တည်နေသူက မန်ယူပါပဲ။

ဒီနှစ်ဘောလုံးရာသီမှာ မန်ယူက ရလဒ်တွေ ဆိုးရွားပြီး အမှတ်ပေးဇယားရဲ့အဆင့် ၈ နေရာဆီကို ရောက်ရှိလို့နေပါတယ်။ ဘောက်ဆင်းဒေးမှာ မန်ယူ ရင်ဆိုင်ရမယ့်ပြိုင်ဘက်က အက်စတွန်ဗီလာ ပါပဲ။

အက်စတွန်ဗီလာက အမှတ်ပေးဇယားရဲ့အဆင့် ၃ နေရာဆီ တက်လှမ်းရောက်ရှိနေသလို နည်းပြ ယူနိုင်းအမ်မရီရဲ့ ဦးဆောင်မှုအောက်မှာ ပုံစံကောင်းလည်း ရရှိလို့နေပါတယ်။

မန်ယူဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဘောက်ဆင်းဒေးပွဲစဉ်တွေမှာ ရှုံးပွဲ ၂ ပွဲသာ ရှိခဲ့ဖူးပြီး ကျန်တဲ့ပွဲတွေမှာ အနိုင်နဲ့ သရေရလဒ်တွေချည်း ရယူနိုင်ခဲ့ပါတယ်။

ဘောက်ဆင်းဒေးမှတ်တမ်းကောင်းနဲ့ ဘောက်ဆင်းဒေးဘုရင်ကြီးဘွဲ့ကို မန်ယူ ဆက်လက် ထိန်းသိမ်းထားနိုင်လေမလား၊ ဘောက်ဆင်းဒေးမှာ မန်ယူ ရလဒ်ကောင်းနိုင်လေမလားဆိုတာ စောင့်ကြည့်ရတော့မှာပါပဲ။

ပရီးမီးယားလိဂ်သမိုင်းတလျှောက် မန်ယူ၏ဘောက်ဆင်းဒေးရလဒ်များ

————–

၁၉၉၂ – ရှက်ဖီးဝမ်းနက်စ်ဒေး       ၃ – ၃    မန်ယူ

၁၉၉၃ – မန်ယူ   ၁ – ၁    ဘလက်ဘန်း

၁၉၉၄ – ချယ်လ်ဆီး        ၂ – ၃     မန်ယူ

၁၉၉၅ – မန်ယူ   ၂ – ၀     နယူးကာဆယ်

၁၉၉၆ – နော်တင်ဟမ်     ၀ – ၄    မန်ယူ

၁၉၉၇ – မန်ယူ   ၂ -၀      အဲဗာတန်

၁၉၉၈ – မန်ယူ   ၃ – ၀    နော်တင်ဟမ်

၁၉၉၉ – မန်ယူ   ၄ – ၀    ဘရတ်ဒ်ဖို့ဒ်

၂၀၀၀ – အက်စတွန်ဗီလာ ၀ – ၁    မန်ယူ

၂၀၀၁ – အဲဗာတန်           ၀ – ၂     မန်ယူ

၂၀၀၂ – မစ်ဒယ်ဘရော့     ၃ – ၁    မန်ယူ

၂၀၀၃ – မန်ယူ    ၃ – ၂     အဲဗာတန်

၂၀၀၄ – မန်ယူ    ၂ – ၀     ဘော်လ်တန်

၂၀၀၅ – မန်ယူ    ၃ – ၀    ဝက်စ်ဘရွန်း

၂၀၀၆ – မန်ယူ    ၃ – ၁    ဝီဂန်

၂၀၀၇ – ဆန်းဒါးလန်း      ၀ – ၄    မန်ယူ

၂၀၀၈ – စတုတ်စီးတီး      ၀ – ၁    မန်ယူ

၂၀၀၉ -ဟားလ်စီးတီး      ၁ – ၃    မန်ယူ

၂၀၁၀ – မန်ယူ    ၂ – ၀     ဆန်းဒါးလန်း

၂၀၁၁ – မန်ယူ    ၅ – ၀    ဝီဂန်

၂၀၁၂ – မန်ယူ     ၄ – ၃    နယူးကာဆယ်

၂၀၁၃ – ဟားလ်စီးတီး     ၂ – ၃     မန်ယူ

၂၀၁၄ – မန်ယူ    ၃ – ၁    နယူးကာဆယ်

၂၀၁၅ – စတုတ်စီးတီး      ၂ – ၀     မန်ယူ

၂၀၁၆ – မန်ယူ    ၃ – ၁    ဆန်းဒါးလန်း

၂၀၁၇ – မန်ယူ    ၂ – ၂      ဘန်လေ

၂၀၁၈ – မန်ယူ    ၃ – ၁    ဟတ်ဒါးစဖီးလ်

၂၀၁၉ – မန်ယူ    ၄ – ၁    နယူးကာဆယ်

၂၀၂၀ – လက်စတာ          ၂ – ၂      မန်ယူ

၂၀၂၁ – နယူးကာဆယ်     ၁ – ၁    မန်ယူ

၂၀၂၂ – မန်ယူ      ၃ – ၀    နော်တင်ဟမ်

၂၀၂၃ – မန်ယူ     ? – ?     အက်စတွန်ဗီလာ