Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဘဝပြဿနာတွေကြောင့် မျက်စိအမြင်အာရုံ ကွယ်ပျောက်သွားခဲ့ရသူ ၂၀၁၃ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် မပပဝင်း

ဘဝပြဿနာတွေကြောင့် မျက်စိနှစ်ဖက် အမြင်အာရုံ ကွယ်ပျောက်သွားလို့ ဝန်ကြီးဌာနက အရေးပေါ်စောင့်ရှောက်လိုက်ရသူ ၂၀၁၃ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် မပပဝင်း
——————
သူမရဲ့နာမည်က မပပဝင်း ဖြစ်ပါတယ်။ ဘဝပြဿနာတွေ၊ ကျန်းမာရေးပြဿနာတွေကြောင့် မျက်စိအလင်းကွယ်သွားခဲ့ရရှာသူ ရွှေတံဆိပ်ဆုရှင် အားကစားမယ်တစ်ယောက်ပါ။ ဒီနေ့မှာတော့ မပပဝင်းကို အားကစားဝန်ကြီးဌာနက အရေးပေါ်လာရောက်ပြီး ကုတင် ၁,၀၀၀ ဆေးရုံဆီ တင်ပို့ကာ စောင့်ရှောက်မှု ပေးအပ်နေပြီဖြစ်ပါတယ်။ မပပဝင်းရဲ့ခင်ပွန်းသည်ကလည်း သိပ်မကြာသေးခင် ရက်အနည်းငယ်လောက်ကမှ ကြိုးဆွဲချပြီး သေကြောင်းကြံသွားခဲ့တာပါ။ မပပဝင်းဟာ ၂၀၁၃ ခုနှစ်မှာမြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ဗိုဗီနမ် နှစ်ယောက်တွဲ(အပြ) အတွဲလိုက်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု၊ ၂၀၁၃ ခုနှစ် ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှဗိုဗီနမ်ပြိုင်ပွဲမှာ ကြေးတံဆိပ်ဆု၊ အရှေ့တောင်အာရှအကြို အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုနဲ့ ၂၀၁၄ ခုနှစ် တတိယကြိမ်မြောက် အရှေ့တောင်အာရှဗိုဗီနမ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရယူပေးခဲ့သူပါ။ မပပဝင်း ဟာ လက်ရှိမှာတော့ အမြင်အာရုံ ကွယ်ပျောက်နေတဲ့အပြင် စကားပြောနိုင်ဖို့ကိုလည်း ခက်ခက်ခဲခဲ ကြိုးစားနေရပါတယ်။ မပပဝင်းကို မိသားစုဝင်တွေအပြင် ငါးတန်းအရွယ်ကတည်းက သိုင်းသင်ပေးခဲ့သူ ဆရာရင်း ဦးမြင့်အောင်ကလည်း စောင့်ရှောက်ပေးနေပါတယ်။ မပပဝင်းရဲ့ဘဝအခက်အခဲတွေနဲ့ အမြင်အာရုံကွယ်သွားခဲ့ရပုံ၊ လက်ရှိရင်ဆိုင်ကြုံဆုံနေရတဲ့အခြေအနေတွေကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။ #MercuryVariety#MV#MercuryExclusiveInterview#MercuryLifeStory#ExclusiveInterview#UMyintAung#PaPaWin#‌GoldMedalist#ဗိုဗီနမ်#အမြင်အာရုံ#ဘဝအခက်အခဲ#ကျန်းမာရေး#LifeStory#Health#Yangon#Myanmar