Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဘဝကို ပေးပြီး ဘောလုံးကို ရွေးချယ်ခဲ့သူ မြန်မာ့ဂုဏ်ဆောင်ကြယ်ပွင့် နော်ထက်ထက်ဝေ

စီရော်နယ်ဒိုရဲ့ ကြိုးစားမှုကို လေးစားတဲ့သူ၊ ဘဝကို ပေးပြီး ဘောလုံးကို ရွေးချယ်ခဲ့သူ မြန်မာ့ဂုဏ်ဆောင်ကြယ်ပွင့် နော်ထက်ထက်ဝေ
——————
ဒေးဗစ်ဘက်ခမ်းက စကားတစ်ခွန်းပြောခဲ့ဖူးပါတယ်။ “ကျွန်တော်က ကျွန်တော့်ဘဝကိုပေးပြီး ဘောလုံးကို ရွေးခဲ့တယ်။ အခုတော့ ဘောလုံးက ကျွန်တော့်ကို ပြန်ရွေးတဲ့အချိန် ရောက်လာခဲ့ပြီလေ”ဆိုတဲ့ စကားပါပဲ။ အခု မြန်မာ့အမျိုးသမီးလက်ရွေးစင်အသင်းရဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ နော်ထက်ထက်ဝေ ကလည်း အဲ့ဒီအတိုင်းပါပဲ။ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ မွေးဖွားခဲ့တဲ့ သူမဟာ ပြီးပြည့်စုံတဲ့သူတစ်ယောက် မဟုတ်ပါဘူး။ အတန်းပညာကို ဆယ်တန်းအထိ တက်ရောက်ခဲ့ပြီး ပညာရေးဘက်ကို ဆက်လက် ဆည်းပူးချင်ပေမယ့် ဘောလုံးနဲ့ယှဉ်လာတဲ့အချိန်မှာ ဘောလုံးကို အရမ်းချစ်တာကြောင့် ဘောလုံးဘက်ကိုပဲ ဦးလှည့်ဖြစ်ခဲ့တယ်လို့ နော်ထက်ထက်ဝေက ပြောပြပါတယ်။ စီရော်နယ်ဒိုရဲ့ ကြိုးစားမှုကို လေးစားတဲ့သူဖြစ်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲဖြတ်သန်းမှုတလျှောက် သူမအတွက် မေ့မရနိုင်တဲ့အမှတ်တရတွေကိုလည်း နော်ထက်ထက်ဝေက ရင်ဖွင့်ခဲ့ပါသေးတယ်။ မိဘတွေကို သူမ တတ်နိုင်တဲ့ဘက်ကနေ အမြဲတစေ ဖြည့်ဆည်းပေးသွားဖို့ ဆန္ဒရှိနေပြီး ရခိုင်ပြည်သူတစ်ယောက်ဖြစ်လို့ ရခိုင်ပြည်သူတွေ မျက်နှာရအောင်၊ ဂုဏ်ရအောင် သူမဘက်က လုပ်ဆောင်ပေးသွားပါ့မယ်လို့လည်း နော်ထက်ထက်ဝေ က ကတိပြုသွားခဲ့ပါသေးတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းရဲ့ ကြယ်ပွင့် နော်ထက်ထက်ဝေရဲ့ စိတ်ဝင်စားစရာ ဘဝဖြတ်သန်းမှုကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MyanmarFootball #MyanmarWomenFootballTeam #နော်ထက်ထက်ဝေ #NawHtetHtetWai #Rakhine #CRonaldo #SilverMedal #Final #Vietnam #SeaGames #Yangon #Myanmar