—————-
ဒီဇင်ဘာ ၂
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ ဂျူဒီ ဘယ်လင်ဟမ်ဟာ ဒီလအစောပိုင်းတုန်းက ကစားခဲ့တဲ့ ဗယ်လီကာနိုနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ပုခုံးဒဏ်ရာဟာ နောက်ဆက်တွဲနာကျင်မှုတွေရှိနေတာကြောင့် ခွဲစိတ်ကုသမှု ခံယူရဖွယ်ရှိတယ်လို့ သိရပါတယ်။
ဒါဟာ ရီးရဲလ်မက်ဒရစ်အတွက်တော့ စိတ်ပျက်စရာအခြေအနေတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီမှာ ကော်တွိုက်စ်နဲ့ မီလီတာအိုကို ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ကာလရှည်ဆုံးရှုံးထားရသလို အဓိက ကစားသမားတွေဖြစ်တဲ့ ဗင်နီရှပ်၊ ကာမာဗင်ဂါနဲ့ ချူအာမန်နီတို့ဟာလည်း ဒဏ်ရာရရှိနေကြတာပါ။
အသက် ၂၀ အရွယ် ဘယ်လင်ဟမ်ဟာ ဒဏ်ရာရပြီးနောက်မှာတော့ တစ်ပွဲသာလွဲချော်ခဲ့ပြီး နောက်ပွဲတွေမှာလည်း ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် ဒဏ်ရာရဲ့ နောက်ဆက်တွဲနာကျင်မှုတွေက ရှိနေတာပါ။
The Athletic ရဲ့အဆိုအရ ဘယ်လင်ဟမ်ရဲ့အခြေအနေဟာ ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂလန်အသင်းအတွက် အမှားခံလို့မရတဲ့ အခြေအနေမှာရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဘက်ကလည်း လက်ရှိမှာ အခြေအနေကို စောင့်ကြည့်သွားမှာဖြစ်ပြီး အသင်းအတွက် အားအထားရဆုံးကစားသမားဖြစ်နေတာကြောင့် အခြေအနေပိုဆိုးမလာဘူးဆိုရင်တော့ ခွဲစိတ်မှာမဟုတ်ပါဘူး။
တကယ်လို့များ ရာသီဝက်လောက်ရောက်မှသာ ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဘယ်လင်ဟမ်အနေနဲ့ အင်္ဂလန်အသင်းနဲ့ ယူရို ၂၀၂၄ ကစားခွင့် လွဲချော်သွားနိုင်ချေ ရှိနေတာလည်းဖြစ်ပါတယ်။
See translation