၂၀၂၅၊ဇန်နဝါရီလ၊၂၅ရက်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆိုးဝါးလာတဲ့လေထုညစ်ညမ်းမှုကြောင့် ဇန်နဝါရီလ ၂၄ ရက်နေ့က စာသင်ကျောင်း ၃၅၀ ကျော်ကို စံချိန်တင်ပိတ်ထားရတယ်လို့ Bangkok Post သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
လက်ရှိဘန်ကောက်မြို့ရဲ့ လေထုညစ်ညမ်းမှုအဆင့်ဟာ PM 2.5 အနီရောင်အဆင့် ရှိနေပြီး လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့အတွက် မြို့တော်ရဲ့ မိုးပျံရထား၊ ဘတ်စ်ကားဝန်ဆောင်မှုတွေအပါအဝင် အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေကို တစ်ပတ်ကြာ အခမဲ့စီစဉ်ပေးထားမှာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှုနဲ့မီးခိုးမြူတွေကြောင့် အကြီးစားမော်တော်ယာဉ်တွေ မောင်းနှင်မှုကို ကန့်သတ်ထားပြီဖြစ်ပြီး ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
ဓါတ်ပုံ-Bangkok Post