Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဘင်္ဂလားဒေ့ရှ်မှာ ရေလွှမ်းမိုးမှုကြောင့် လူ၇၀ ကျော်‌ေ-သဆုံး

၂၀၂၄၊စက်တင်ဘာလ၊၄ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရေလွှမ်းမိုးမှုကြောင့် သေဆုံးတဲ့လူဉီးရေ ၇၁ ဦးအထိ ရှိလာပြီး ရေဘေးသင့်ဒေသတွေမှာ လူပေါင်းသန်းနဲ့ချီပိတ်မိနေတယ်လို့ ကယ်ဆယ်ရေးရဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

ဒါ့အပြင် ပိတ်မိနေတဲ့ သန်းနဲ့ချီတဲ့လူတွေဟာ ရေမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်တဲ့ ရောဂါတွေရဲ့ အန္တရာယ်ကိုပါ စိုးရိမ်နေကြရပြီး အစာရေစာအတွက်လဲ ခက်ခဲနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း မုတ်သုံမိုးတွေ ဆက်တိုက်ရွာသွန်းပြီး မြစ်ရေလျံလာတာကြောင့် နေရာအများအပြား ရေလွှမ်းမိုးမှုတွေဖြစ်ခဲ့ကာ လူပေါင်း ငါးသန်းနီးပါး ရေဘေးဒုက္ခကို ခံစားခဲ့ရတာဖြစ်ပါတယ်။