Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဗြိတိန်နဲ့ ဂျာမနီဦးဆောင်ပြီး ယူကရိန်းအရေးအတွက် နိုင်ငံ ၅၀ ပါတဲ့ အစည်းအဝေးကျင်းပနေ

၂၀၂၅၊ဧပြီလ၊၁၁ရက်

ဗြိတိန်နဲ့ ဂျာမနီဦးဆောင်ပြီး ယူကရိန်းကို ကူညီထောက်ပံ့ရေးအတွက် နိုင်ငံ ၅၀ ပါတဲ့ အစည်းအဝေးတစ်ခု ဘယ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မှာ ကျင်းပနေပါတယ်။

ဒီအစည်းအဝေးဟာ ရုရှားသမ္မတဗလာဒီမီယာပူတင်အပေါ် နောက်ထပ်ဖိအားတွေပေးနိုင်ဖို့ ကာကွယ်ရေးဝန်ကြီးတွေ အစည်းအဝေးလုပ်နေတာလို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန် ဟီလေက ပြောပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ယူကရိန်းကို စစ်ရေးအကူအညီ ပေါင် သန်း ၄၅၀ ထပ်ပေးမယ်လို့ ပြောသွားပြီး အကူအညီတွေထဲမှာ ဒရုန်းအသစ်တွေနဲ့ သံချပ်ကားတွေနဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေ ပါဝင်မှာဖြစ်ပါတယ်။

ယခင်က ယူကရိန်းကာကွယ်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းတဲ့ အစည်းအဝေးတွေကို အမေရိကန်က ဦးဆောင်ကျင်းပတာဖြစ်ပေမယ့် ဒေါ်နယ်ထရမ့်သမ္မတဖြစ်လာပြီးနောက်မှာတော့ ယူကရိန်းအရေးကနေ တဖြေးဖြးရှောင်ထွက်လာတာကို တွေ့ရပါတယ်။

#mercury#mercurynews#ယူကရိန်း#ဗြိတိန်#ဂျာမနီ#နိုင်ငံတကာသတင်း