Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဗီယက်နမ်-မြန်မာကုန်စည်ပြပွဲတွင် နှစ်နိုင်ငံထုတ်ကုန်များပြသသွားမည်

——————————-

၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၂၁)ရက်

ဗီယက်နမ်-မြန်မာကုန်စည်ပြပွဲကိုနို၀င်ဘာလ (၂၆) ရက်နေ့မှ (၂၈) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပသွားဖို့ရှိပြီး နှစ်နိုင်ငံထုတ်ကုန်တွေပြသသွားဖို့ရှိတယ်လို့ သိရပါတယ်။

အခုကျင်းပမယ့်𝐌𝐲𝐚𝐧𝐦𝐚𝐫 – 𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐓𝐫𝐚𝐝𝐞 𝐅𝐚𝐢𝐫 𝟐𝟎𝟐𝟒 မှာ𝐋𝐮𝐜𝐤𝐲 𝐃𝐫𝐚𝐰 အနေနဲ့ရန်ကုန် – ဘန်ကောက်ခရီးစဥ် Air Ticket (One Way)၊ ဟော်တယ်တည်းခိုခွင့်နဲ့ အခြားဆုမဲများစွာပါဝင်မယ်လို့ဆိုပါတယ်။

ဒီ Trade Fair ကြီးမှာ မြန်မာ – ဗီယက်နမ် နှစ်နိုင်ငံမှ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများ၊ အိမ်သုံး လုပ်ငန်းသုံး မီးမြှင့်စက်၊ ဘက်ထရီများ၊ ဗီယက်နမ်မှ စားသောက်ကုန်များ၊ ကော်ဖီများ အစရှိတဲ့စားသောက်ကုန်များအပြင် ဖိနပ်မှစလို့ လူသုံးကုန်အမျိုးမျိုးပါဝင်ပြသသွားမယ်လို့သိရပါတယ်။

ဒါ့အပြင် မြန်မာ့ စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းနဲ့ အိမ်သုံးပစ္စည်းတွေအပြင် Solar System လုပ်ငန်းကြီးများအပါအ၀င် မြန်မာ့လက်မှုအနုပညာပစ္စည်းများ၊ ကျောက်မျက်ရတနာအရောင်းဆိုင်များသာမက Service လုပ်ငန်းများဖြစ်တဲ့ သင်တန်းကျောင်းများ၊ Cloud Computing နဲ့ ပတ်သက်တဲ့ Softwareကုမ္ပဏီတွေလည်းပါ၀င်ပြ သထားမှာဖြစ်တယ်လို့ သိရပါတယ်။

#Mercury#mercurynews#ပြည်တွင်းသတင်း#ကုန်စည်ပြပွဲ#မြန်မာ#ဗီယက်နမ်

ဓါတ်ပုံ-မူရင်းပိုင်ရှင်ကိုCreditပေးပါသည်။

Oplus_0