ဩဂုတ် ၆ရက်
ဗီယက်နမ်နိုင်ငံတွင် နာမည်ကြီး သူဌေးတစ်ဉီးဖြစ်သည့်ထရင့်ဗန်ငူးယက်ကို အမေရိကန်ဒေါ်လာ ၁၄၆သန်းကျော် လိမ်လည်ခဲ့တဲ့အမှုဖြင့် ဟနွိုင်းပြည်သူ့တရားရုံးက ထောင်ဒဏ်၂၁နှစ်ချမှတ်လိုက် ကြောင်းCNA သတင်းတွင်ဖော်ပြထားသည်။
အပန်းဖြေစခန်း၊ဂေါက်ကွင်း၊လေကြောင်းလိုင်း စသည့်လုပ်ငန်းကြီးများကိုပိုင်ဆိုင် ထားသည့်ထရင့်ဗန်ငူးယက်ဟာစတော့ဈေးကွက် တာဝန်ရှိသူလေးယောက်အပြင်သူ့ရဲ့ညီမနှစ်ီဥးနှင့်ပါ ပူးပေါင်းလိမ်လည်ခဲ့ခြင်းဖြစ်ပါသည်။
ဟနွိုင်းတရားရုံးက ထရင့်ဗန်ငူးယက်ကို ငွေကြေးလိမ်လည်မှု၊စတော့ဈေးကွက်ကိုနောက်ကွယ်ကကြိုးကိုင်မှု၊အာဏာအလွဲသုံးစားလုပ်မှု များဖြင့်စွဲချက်တင်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဓါတ်ပုံ -CNA
#MERCURY #m#mercurynews #နိုင်ငံတကာသတင်း #CNA #vietnam