Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဗိုလ်တထောင်စေတီတော်တွင် ဗုဒ္ဓပူဇနိယပွဲတော်သံဃပူဇာ၊

ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

————————————————————–

၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၂၃)ရက်

ဗိုလ်တထောင်စေတီတော်မှာ ဗုဒ္ဓပူဇနိယပွဲတော် သံဃပူဇာအနေဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲအခမ်းအနားကျင်းပခဲ့တယ်လို့ ဂေါပကအဖွဲ့ထံမှသိရပါတယ်။

(၅၁)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနဲ့အလှူဒါနအစုစုတို့အတွက်ရေစက်ချမင်္ဂလာအခမ်းအနားကို ဒီဇင်ဘာလ (၂၂)ရက်၊ စေတီ‌တော်ရင်ပြင်ရှိနန်းဦးဘုရားကြီး တန်ဆောင်းမှာကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီ့အခမ်းအနားမှာ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဂေါပကအဖွဲ့ရဲ့နှိုးဆော်ပန်ကြား မေတ္တာရပ်ခံမှုဖြင့် အလှူရှင်သူတော်စင်အပေါင်းတို့က သံဃပူဇာအဖြစ် ဂေါတမ မြတ်စွာဘုရားကိုအမှူးထားပြီး ဆရာတော်သံဃာတော် အရှင်သူမြတ် (၁ဝ၈)ပါးနဲ့ သီလရှင် (၃၆)ပါးတို့ကိုစေတီတော်ရင်ပြင်ပတ်လည်မှ လှူဖွယ်ဝတ္ထုအစုစုတို့ကို လောင်းလှူဆက်ကပ်လှူဒါန်းပူဇော်ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မှုရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်

#mercury#mercurynews#ပြည်တွင်းသတင်း#ဗိုလ်တထောင်စေတီ