Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဗဟိုဘဏ်က ဒေါ်လာ(၉) သန်းခွဲကျော်နှင့် ဘတ်သန်း (၁၅၀)ကျော် ရောင်းပေး

—————————

၂၀၂၄၊အောက်တိုဘာလ၊(၃၁)ရက်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံငွေကြေးဈေးကွက်မှာ အောက်တိုဘာ (၃၀)ရက်က အမေရိကန်ဒေါ်လာ(၉)သန်းခွဲကျော်နဲ့ ဘတ်သန်း (၁၅၆)ကို ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း စက်သုံးဆီ၊ စားသုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာနဲ့ ဘတ်ငွေတွေရောင်းချပေးခဲ့တာဖြစ်ပါတယ်။

အခုနှစ်အတွင်း ဧပြီလကနေ အောက်တိုဘာလအထိ ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနဲ့ သွင်းကုန်လုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်ထုတ်ရောင်းပေးထားတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ သိရပါတယ်။

Oplus_0
Close menu