၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၂၅)ရက်
ဖုန်းခိုးတယ်လို့ စွပ်စွဲခံရပြီးရို-က်နှက်ခံရလို့ ပျံလွန်တော်မူသွားတဲ့ဖျာပုံခရိုင်၊အမာမြို့နယ် ၊ဒေါ်ညိမ်းကျေးရွာနေ ကိုရင်ငယ်လေးဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျူးလွန်သူကို အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
အဲဒီလို ဖမ်းဆီးအရေးယူထားတဲ့ အကြောင်းကို ပြည်ထဲ ရေးဝန်ကြီးဌာနမှ မီဒီယာများကို ပြန်လည်ဖြေ ကြားထားတာဖြစ်ပါတယ်။
ရို-က်နှက်ခံရလို့ပျံလွန်တော်မူသွားတဲ့ ကိုရင်ငယ်ဟာ သရက်တောဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်းမှာနေထိုင်တဲ့ အသက်၁၃နှစ်ကျော်အရွယ် ကိုရင်လေးဖြစ်ပါတယ်။
ကိုရင်ငယ်လေးကို ဖုန်းခိုးတယ်ဆိုတာကိုဝန်မခံမချင်း ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့အတွက် ၄ရက်မြောက်နေ့မှာ ရို-က်နှက်ခံရတဲ့ ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။