၂၀၂၅၊ဇန်နဝါရီလ၊၁၃ရက်
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ဆိပ်မှုကျေးရွှာအုပ်စုထဲက စပေါ့ရွှာမှာ ရွံ့နွံကန်ပြိုကျမှုကြောင့် လူဦးရေ ရာနဲ့ချီပျောက်ဆုံးနေပြီး လက်ရှိအချိန်ထိရုပ်အလောင်း ရှစ်လောင်းကိုတွေ့ထားပြီလို့ သိရပါတယ်။
ကုမ္ပဏီတစ်ခုရဲ့ စွန့်ပစ်ရွံ့နွံကန်ဟာ ဒီကနေ့မနက် ၁နာရီဝန်းကျင်ကနေစတင် ပြိုကျခဲ့တာဖြစ်ပြီး လူနေအိမ် ၅၀နဲ့အထက် ရွံ့နွံအောက်ကို နစ်မြုပ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြပြီဖြစ်ပြီး ရှစ်အလောင်းရှစ်လောင်းတွေ့ထားသလို လူဦးရေ ရာနဲ့ချီပျောက်ဆုံးနေသေးတာကြောင့် သေဆုံးဦးရေထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်မှာ ကျောက်မျက်တူးဖော်တဲ့ ကုမ္ပဏီတွေကနေ စွန့်ပစ်ထားတဲ့ ရွံ့နွံတွေကြောင့် ရွံ့နွံကန်ပေါက်ကျမြေပြိုတာတွေ မကြာခနဖြစ်လေ့ရှိပါတယ်။
မူရင်းဓါတ်ပုံပိုင်ရှင်ကို အပြည့်အဝCREDITပေးပါသည်။