၂၀၂၄၊ဒီဇင်ဘာလ၊၁၆ရက်
ဖားကန့်မြို့ မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့က ဥရုချောင်းမှာရေကူးသင်ပေးရာကနေ အမျိုးသားတစ်ဦးနဲ့ ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်ဆေးရုံကြီးနောက်ကျောမှာရှိတဲ့ ဥရုချောင်းမှာ တူနဲ့ တူမကို ရေကူးသင်နေရင်း တူမဖြစ်သူရေနစ်သွားတာကြောင့် လိုက်လံဆယ်ယူရင်း တူဝရီးနှစ်ဦးစလုံး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ရေနစ်သေဆုံးခဲ့သူတွေဟာ အသက် ၃၈ နှစ်အရွယ် ကိုအားကျူနဲ့ အသက် ၁၁ နှစ်အရွယ် မစုရတီဖြိုးတို့လို့ သိရပြီး ကိုအားကျူရဲ့ ရုပ်အလောင်းကို ဒီဇင်ဘာလ ၁၅ရက် ညနေလေးနာရီခွဲမှာ ပြန်တွေ့ခဲ့ပေမယ့် မစုရတီဖြိုးရဲ့ ရုပ်အလောင်းကိုတော့ မတွေ့ရသေးဘူးလို့သိရပါတယ်။
ဓါတ်ပုံ-Kachin News Group