Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဖရိုဖရဲအခြေအနေတွေကြားထဲရောက်နေတဲ့ မြန်မာနိုင်ငံကို ကူညီဖို့ အာဆီယံအသင့်ပြင်ထားတယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော

Philippines Presdient Ferdinand Marcos Jr delivers remarks during the Philippines 123 Signing Ceremony during the Asia-Pacific Economic Cooperation (APEC) Leaders’ Week in San Francisco, California, on November 16, 2023. The APEC Summit takes place through November 17. (Photo by Frederic J. BROWN / AFP)

လက်ရှိဖြစ်ပွားနေတဲ့အကြောင်းအချင်းအရာတွေကြောင့် ဖရိုဖရဲအခြေအနေတွေကြားထဲရောက်နေရတဲ့ မြန်မာနိုင်ငံကို ကူညီဖို့အတွက် အာဆီယံက အသင့်အနေအထားနဲ့ ပြင်ဆင်ထားတယ်လို့ ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာက  ပြောကြားလိုက်ပါတယ်။

အာဆီယံ-ဂျပန် အစည်းအဝေး ပထမရက်တုန်းက စကားပြောခွင့်ရချိန်မှာ ဖိလစ်ပိုင်သမ္မတက မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်နေဆဲဖြစ်တယ်ဆိုတာကို အလေးအနက်ထား အသိပေးပြီး အခုစကားကို ပြောသွားခဲ့တာလို့ သိရှိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ပြည်တွင်းအခြေအနေတွေကြောင့် ထမ်းဆောင်နိုင်ဖို့ မလွယ်ကူဖြစ်နေတဲ့ မြန်မာနိုင်ငံဆီက လွှဲပြောင်းရယူထားပါတယ်။

ပိုမိုဆိုးရွားလာတဲ့အကြမ်းဖက်မှုတွေနဲ့ မြန်မာပြည်သူတွေရဲ့အခက်အခဲဒုက္ခတွေကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်နေတယ်ဆိုတာကို အသိအမှတ်မပြုဘဲနဲ့ ဒေသတွင်းက ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအကြောင်းကို ကျွန်တော်တို့ ဆွေးနွေးနိုင်မှာ မဟုတ်ဘူးလို့လည်း ဖိလစ်ပိုင်သမ္မတက အသိပေးသွားခဲ့ပါတယ်။

Ref: Asean should be ready to help Myanmar, says Marcos