Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပြည်သူ့စစ်မှုထမ်းဥပဒေကို ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

ပြည်သူ့စစ်မှုထမ်းဥပဒေကို သင့်တင့်လျောက်ပတ်တဲ့ အင်အားနဲ့သာ တာဝန်ထမ်းဆောင်စေမယ်၊ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေဖြစ်အောင် စီမံဆောင်ရွက်ပေးသွားမယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့က နေပြည်တော်မှာရှိတဲ့ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်ထဲမှာ မှတ်ပုံတင်ခွင့်ပြုပြီးတဲ့ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေနဲ့တွေ့ဆုံစဥ်မှာ အခုလို ထည့်သွင်းပြောကြားသွားခဲ့တာလို့ ဆိုပါတယ်။

ဒီဥပဒေဟာ နိုင်ငံတော်အနေနဲ့ နိုင်ငံတော် ကာကွယ်ရေး၊ အထူးသဖြင့် တို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရေးတို့ အတွက် အရင်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ဥပဒေဖြစ်သလို ဒီဥပဒေနဲ့ပတ်သက်လို့ တွက်ချက်ချင့်ချိန်ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်ဖို့လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက် အသိပေးသွားခဲ့ပါတယ်။