Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပြည်သူကို ‌ေ..–သနတ်နဲ့ချိန်ခဲ့တဲ့ ထိုင်းစစ်သားကို အချုပ် ၂၁ ရက်နဲ့ စစ်သက်ဖြတ်တောက်ခံမှု အပါအဝင် တခြားပြစ်ဒဏ်တွေ ချမှတ်

ယာဉ်မောင်းပြည်သူတစ်ယောက်ကို ‌ေ..–သနတ်နဲ့ထုတ်ချိန်ခဲ့တဲ့ ထိုင်းစစ်သားတစ်ယောက်ကို အချုပ် ၂၁ ရက်နဲ့ တခြားပြစ်ဒဏ်တွေ ချမှတ်လိုက်ပြီဖြစ်ကြောင်း တော်ဝင်ထိုင်းတပ်မတော်က ထုတ်ပြန်လိုက်ပါတယ်။

အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာထက်ဆီ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်ထဲမှာ ကားအတင်းကျော်တက်တဲ့အတွက် ယာဉ်မောင်းတစ်ယောက်ကို စစ်သားတစ်ဦးက ‌ေ..–သနတ်ထုတ်ပြီး ချိန်လိုက်တာကို မြင်ရတယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်ဟာ အဝေးပြေးလမ်းမကြီးတစ်နေရာမှာ ဖြစ်ပျက်ခဲ့တာဖြစ်နိုင်တယ်လို့ ယူဆထားပြီး နေရာအတိအကျကိုတော့ လက်ရှိအချိန်ထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အခင်းဖြစ်စဉ်မှာပါဝင်တဲ့ စစ်သည်ကို ဖမ်းချုပ်ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့,ဖွဲ့စည်းသွားဖို့ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆောင်းဝတ်နန်းပက် မတ်လ ၁၆ ရက်နေ့မှာ ညွှန်ကြားခဲ့ပြီး ဒီစစ်သည်ဟာ အထက်အမိန့်ကို မနာခံမှု၊ ပြည်သူအပေါ်ပြုကျင့်ရမယ့်ကျင့်ဝတ်တွေကို မလိုက်နာမှု၊ ရိုင်းစိုင်း တဲ့စကားလုံးတွေ သုံးစွဲမှု၊ ပြည်သူကို ခြိမ်းခြောက်မှု၊ တပ်မတော်ပုံရိပ်ကို ထိခိုက်ပျက်ပြားအောင်ဆောင်ရွက်မှု တို့အပါအဝင် စစ်စည်းကမ်းတချို့ကို ချိုးဖောက်ခဲ့တယ်လို့ ထိုင်းတပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ အဲဒီစစ်သည်ကို အချုပ် ၂၁ ရက် ချမှတ်ခြင်း၊ စစ်မှုထမ်းသက် တစ်နှစ်ဖြတ်တောက်ခြင်း၊ စည်းကမ်းထိန်းသိမ်းရေးသင်တန်း ၁၅ ရက် တက်ရောက်စေခြင်းနဲ့ လက်နက်ကိုင်ဆောင်ခွင့်မပြုခြင်း စတဲ့ ပြစ်ဒဏ်တွေကို ချမှတ်ထားပြီးပြီ ဖြစ်ပါတယ်။

အဲဒီစစ်သည်ဟာ သူ့ရဲ့အမှားကို ဝန်ခံခဲ့ပြီး သက်ဆိုင်ရာယာဉ်မောင်းပြည်သူကိုလည်း ပြန်လည်တောင်းပန်ခဲ့ပြီလို့ လတ်တလောမှာ သိရှိရပါတယ်။