ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဆင်စုရပ်ကွက်၊ နဝဒေးလမ်းဆုံမှာည မတ်လ ၂၆ ရက်၊ ညနေ ၆ နာရီခွဲအချိန်လောက်က မီနီအိုးဝေတစ်စီးနဲ့ Daihatsu Atrai ကားတစ်စီးတို့ တိုက်မိခဲ့ပြီး အမျိုးသမီးနှစ်ယောက် ေ..—သဆုံးသွားတယ်လို့ သိရှိရပါတယ်။
နဝဒေးလမ်းဆုံဘက်ကနေ နဝဒေးချဥ်းကပ်လမ်းအတိုင်း ယာဥ်မောင်း ဦးကျော်ကျော် ဆိုသူ မောင်းနှင်လာခဲ့တဲ့ Daihatsu Atrai ခဲရောင်ယာဥ်ဟာ ပုထိုးကြီးလမ်းဆုံဆီအရောက်မှာတော့ လားရာတူဘက်ခြမ်းရဲ့အရှေ့ဘက်ကနေ မောင်းနှင်နေတဲ့ ဦးသန်းလွင် မောင်းနှင်နေတဲ့ မီနီအိုးဝေနဲ့ ကိုသူရဖြိုး မောင်းနှင်လာတဲ့ မီနီအိုးဝေတွေကို ဝင်ရောက်တိုက်မိခဲ့တဲ့အပြင် လမ်းရဲ့ဘယ်ဘက်ခြမ်းမှာ မုန့်လက်ဆောင်းရောင်းနေဝယ်နေသူ အမျိုးသမီးနှစ်ယောက်ကို ထပ်တိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလို ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် မုန့်လက်ဆောင်းရောင်းနေတဲ့ အသက် ၆၇ နှစ်အရွယ် ဒေါ်နွဲ့နဲ့ မုန့်လက်ဆောင်းဝယ်ယူနေသူ အသက် ၆၀ နှစ်အရွယ် ဒေါ်အေးသန်းတို့ အခင်းဖြစ်တဲ့နေရာမှာတင် ေ…–သဆုံးသွားခဲ့ပြီး Daihatsu Atrai ယာဥ်မောင်း ဦးကျော်ကျော်နဲ့ မီနီအိုးဝေပေါ်မှာ လိုက်ပါလာသူတချို့ကိုလည်း ထိခိုက်ဒဏ်ရာတွေ ရသွားခဲ့လို့ ဆေးကုသမှုခံနိုင်အောင် စီစဉ်ပေးထားရကြောင်း သိရှိရပါတယ်။
အခုဖြစ်စဉ်နဲ့စပ်လျဉ်းပြီး လူ့အသက်ဆုံးရှုံးစေခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာတွေပါ ရရှိပြီး ယာဥ်တွေပါ ပျက်စီးဆုံးရှုံးသွားစေခဲ့တဲ့ ယာဥ်မဆင်မခြင်မောင်းနှင်ခဲ့သူ ဦးကျော်ကျော် ကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။