အမိန့်အမှတ် (၃၂ /၂၀၂၄) နဲ့ထုတ်ပြန်တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦးနဲ့ သီရိလင်္ကာနိုင်ငံသား ၁၅ ဦး၊ စုစုပေါင်း ၂၈ ဦးတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ❝နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ခဲ့ရင် အဲ့ဒီပြစ်ဒဏ်အပြင် အခုကျခံရဖို့ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ်❞ ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ လွတ်ငြိမ်ခွင့်ပြုလိုက်တယ်လို့ သိရှိရပါတယ်။
နစက ဥက္ကဋ္ဌက မင်္ဂလာနှစ်သစ်အခါသမယ အထိမ်းအမှတ်အနေနဲ့လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုတဲ့အနေနဲ့လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၈ ယောက်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်ကျူးလွန်ခဲ့ရင် အဲ့ဒီပြစ်ဒဏ်အပြင် အခုကျခံရဖို့ ကျန်ရှိနေတဲ့ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ကျခံရဖို့ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကာ ပြည်နှင်ဒဏ်ပေးလိုက်တာလို့ သိရှိရပါတယ်။