Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပြည်ပထွက်ခွာခွင့်ကို တားဆီးပိတ်ပင်တာမျိုး လုံးဝမရှိဘူးလို့ လဝက ထုတ်ပြန်

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန(လဝက)က ပြည်ပထွက်ခွာခွင့်ကို တားဆီးပိတ်ပင်နေပါတယ်ဆိုတဲ့သတင်းတွေဟာ သတင်းမှားတွေသာဖြစ်ပြီး ဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေရဲ့ ပြည်ပထွက်ခွာခွင့်ကို ဥပဒေနဲ့အညီ ခွင့်ပြုပေးထားကြောင်း ထုတ်ပြန်အသိပေးလိုက်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း သတ်မှတ်လိုက်အပြီးမှာ ပြည်သူတွေရဲ့ ပြည်ပထွက်ခွာခွင့်ကို တားဆီးပိတ်ပင်နေပြီဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီး လက်ရှိမှာတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အဲ့ဒီသတင်းတွေဟာ ကောလာဟလသတင်းတွေနဲ့ သတင်းမှားတွေသာဖြစ်တယ်လို့ ရှင်းလင်းချက်ထုတ်ပြန်လိုက်ပြီလည်းဖြစ်ပါတယ်။

ပြည်ပထွက်ခွာခွင့်နဲ့ပတ်သက်လို့ ဘယ်လိုသီးခြားညွှန်ကြားချက်မျိုးကိုမျှ ထုတ်ပြန်ဆောင်ရွက်ထားခြင်း မရှိဘူးလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးထားပါတယ်။ ပြည်ပနိုင်ငံများနဲ့ပတ်သက်လို့ အရင်အတိုင်းပဲ ဝင်ထွက်သွားလာခွင့်ကို ဥပဒေနဲ့အညီ ခွင့်ပြုထားဆဲပဲဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။