ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပေ ဟာ နွေဈေးကွက်ဖွင့်လှစ်ချိန်ကိုရောက်ရင် အသင်းသစ်တစ်ဆင်းဆီကို ပြောင်းရွှေ့မှာ သေချာနေပါပြီ။
အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်လို့ အမ်ဘတ်ပေကို ခေါ်ယူဖို့အတွက် အသင်းကြီးအတော်များများ ဆက်သွယ်ကမ်းလှမ်း စကားပြောနေကြပြီလည်းဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းနဲ့ အမ်ဘတ်ပေတို့ရဲ့အကြားမှာ စာချုပ်သက်တမ်း ၆ လသာ ကျန်ရှိတော့ပြီး အဲ့ဒီအချက်ကြောင့်ပဲ အမ်ဘတ်ပေ ဟာ အခုအချိန်ကစလို့ ပြည်ပကလပ်တွေနဲ့ တရားဝင်စကားပြောတာ၊ အကြိုသဘောတူ စာချုပ်ချုပ်တာတွေကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရှိသွားပါတယ်။
အမ်ဘတ်ပေ ကိုခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့က အပြိုင်ကြိုးပမ်းနေကြပြီး အမ်ဘတ်ပေ ဟာ ဘယ်အသင်းဆီကို ပြောင်းရွှေ့မယ်ဆိုတာကိုတော့ လတ်တလောမှာ ဆုံးဖြတ်ချက်ချမှတ်ခြင်း မရှိသေးပါဘူး။ သတင်းတွေကတော့ အမ်ဘတ်ပေ ဟာ ရီးရဲလ်မက်ဒရစ်ကိုပဲ ရွေးချယ်လိမ့်မယ်လို့ ခန့်မှန်းနေရးသားနေကြပါတယ်။