Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပြင်သစ်နဲ့အက်သလက်တီကို တိုက်စစ်မှုး ဂရစ်မန်း နိုင်ငံလက်ရွေးစင် ကစားသမားဘဝမှအနားယူ

၂၀၂၄၊အောက်တိုဘာလ၊၁ရက်

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှုး ဂရစ်မန်းဟာ နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ အနားယူပြီလို့ တရားဝင်ကြေညာလိုက်ပါတယ်။

ဂရစ်မန်းဟာ ပြင်သစ်နိုင်ငံအသင်းအတွက် ၁၃၇ပွဲ ကစားပေးခဲ့ပြီး၄၄ဂိုးသွင်းယူပေးခဲ့သလို၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံ အသင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။

အသက်၃၃နှစ်ရှိပြီဖြစ်တဲ့ ဂရစ်မန်းဟာ ပြင်သစ်နိုင်ငံအသင်းနဲ့အတူ တစ်ဉီးချင်းအောင်မြင်မှုတွေရရှိခဲ့သလို ပြင်သစ်လက်ရွှေးစင်အသင်းသမိုင်းတစ်လျှောက် ဂိုးဖန်တီးမှု အများဆုံးပြုလုပ်ထားတဲ့ ကစားသမားဖြစ်ပါတယ်။