Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပျောက်ဆုံးနေသော တရုတ်သရုပ်ဆောင်ကို မြန်မာနယ်ထဲတွင် ပြန်တွေ့ပြီဟု ထိုင်းအာဏာပိုင်တွေ အတည်ပြု

၂၀၂၅၊ဇန်နဝါရီလ၊၇ရက်

ပျောက်ဆုံးနေတဲ့ တရုတ် ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xingxing ကို ပြန်တွေ့ပြီဖြစ်ပြီး ထိုင်းရဲချုပ် Thatchai Pitaneelabutr ကိုယ်တိုင်သွားခေါ်နေတယ်လို့ ထိုင်းနိုင်ငံထုတ် Khaosod သတင်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။

တရုတ် ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xingxingဟာ မြန်မာနိုင်ငံနယ်ထဲကို ဝင်သွားပြီး ပျောက်ဆုံးသွားတာလို့ ထိုင်းနိုင်ငံ Tak ခရိုင် အာဏာပိုင်တွေက အတည်ပြုပြောဆိုထားသလို Khaosod သတင်းက ဆံပင်ရိပ်ထားတဲ့ Xingxing ရဲ့ ပုံနဲ့အတူ ဒီသတင်းကို ဖော်ပြခဲ့တာပါ။

CCTV လုံခြုံရေးကင်မရာမှတ်တမ်းတွေအရ တရုတ် ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xingxingဟာ မဲဆောက်မြို့အနီး Ban Mae Kon Ken ကနေ မြန်မာနိုင်ငံထဲဝင်သွားတာကိုတွေ့ရပြီး မြန်မာဘက်က တာဝန်ရှိသူတွေကိုလည်း ရှာပေးကြဖို့ အကူအညီတောင်းထားတယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။

အသက် ၃၁ နှစ်အရွယ် Wang Xing ခေါ် Xingxingဟာ သောကြာနေ့မှာ Shanghai Pudong လေဆိပ်ကနေ ထိုင်းနိုင်ငံ Suvarnabhumi လေဆိပ်ကို ရောက်လာခဲ့တာဖြစ်ပြီး လေဆိပ်ကနေ မဲဆောက်မြို့ကိုသွားပြီးနောက်မှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

တရုတ် ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xingxingကို သရုပ်ဆောင်ဖို့ အဖွဲ့တဖွဲ့က ကမ်းလှမ်းခဲ့တာကြောင့် ထိုင်းနိုင်ငံကိုသွားရောက်တာဖြစ်ပြီး နယ်စပ်မှာ အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတဲ့အကြောင်း သူ့ရဲ့ရည်းစား Jia Jia က အကူအညီတောင်းထားတာကို တရုတ်နိုင်ငံထုတ် သတင်းစာတွေနဲ့ လူမှုကွန်ယက်တွေမှာ မနေ့က ဖော်ပြခဲ့ကြပါတယ်။

#mercury#mercurynews#လူပျောက်#တရုတ်ရုပ်ရှင်တရုတ်ဆောင်