သူတို့ကို ပေးနေထားတဲ့ အိမ်ကလေး ရောင်းပစ်တော့မှာမို့ ဘဝအခက်ကြုံတွေ့ရတော့မယ့် စိတ်ကျန်းမာရေး ချို့ယွင်းနေသူ သားအမိ
———————–
ဘဝပေးကံ ဆိုးရွားပုံက သားအမိနှစ်ယောက်လုံးဟာ စိတ်ကျန်းမာရေး ချို့ယွင်းလို့နေပါတယ်။ မိသားစုထဲက နောက်ထပ် စိတ်ချို့ယွင်းသူတစ်ဦးဖြစ်တဲ့ သားတစ်ယောက်ကတော့ ကွယ်လွန်သွားခဲ့ပါပြီ။ ဒီအမျိုးသမီးကြီးရဲ့ခင်ပွန်းသည်ကလည်း မြွေကိုက်ခံရပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ စိတ်ချို့ယွင်းနေသူ နှစ်ယောက်ထဲက မိခင်ဖြစ်သူရဲ့နာမည်က ဒေါ်ခင်မာချိုပါ၊ သားဖြစ်သူရဲ့နာမည်က ကိုဟန်နီစိုး ဖြစ်ပါတယ်။ သူတို့ကို အိမ်နီးနားချင်းဖြစ်သူက အခုအိမ်ကလေးထဲမှာ ပေးနေထားတာဖြစ်ပြီး အလုပ်လုပ်ကိုင်နေသူ ဝန်ထမ်းလူငယ်လေးတစ်ယောက်က ဒီသားအမိကို တတ်နိုင်သလောက် ပြုစုစောင့်ရှောက်ပေးလို့နေပါတယ်။ လက်ရှိမှာတော့ စိတ်ကျန်းမာရေးချို့ယွင်းနေသူ သားအမိကို ပေးနေထားတဲ့ အိမ်ကလေးရဲ့နေရာကို ပိုင်ရှင်ဖြစ်သူက ရောင်းချလိုက်တော့မှာပါ။ သားအမိ နှစ်ယောက်ဟာ စိတ်ကျန်းမာရေး ချို့ယွင်းနေရတဲ့ကြားထဲ ခိုကိုးရာမဲ့ဘဝဆီ ရောက်သွားရဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ အငဲ သီဆိုတဲ့ “အိမ်”သီချင်းထဲကအတိုင်း သားအမိနှစ်ယောက်အတွက် အခုအချိန်မှာ “လုံခြုံတဲ့အိမ် လိုချင်တယ်”ဆိုတာမျိုး ဖြစ်လို့နေပါပြီ။ စိတ်ကျန်းမာရေးချို့ယွင်းနေကြသူတွေဖြစ်တဲ့အတွက် ပတ်ဝန်းကျင်သစ်မှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရတော့မှာဖြစ်လို့ ဘဝတွေကလည်း ခက်ခဲဦးမှာပါ။ လတ်တလောမှာတော့ ပိုတာလှူ လိုရင်ယူ ပရဟိတ ကိုစိုးကြီးက ဒီသားအမိအတွက် တတ်နိုင်သမျှ အကူအညီပေးဖို့ စီစဉ်ဆောင်ရွက်ကာ ကြိုးစားပေးလို့နေပါတယ်။ ပေးနေထားတဲ့ အိမ်ကလေး ရောင်းပစ်တော့မှာမို့ ဘဝအခက်ကြုံတွေ့ရတော့မယ့် စိတ်ကျန်းမာရေး ချို့ယွင်းနေသူ သားအမိရဲ့ဘဝက ရင်မောစရာကောင်းလွန်းလှတာမို့ Mercury Variety ပရိသတ်တွေ သိရှိနိုင်အောင် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #ပရဟိတကိုစိုးကြီး #ဒေါ်ခင်မာချို #ကိုဟန်နီစိုး #စိတ်ကျန်းမာရေး #နေအိမ် #ဘဝဖြတ်သန်းမှု #ရောင်းချ #အခက်အခဲ #ပတ်ဝန်းကျင်သစ် #Yangon #Myanmar