Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပေါင်းလောင်းရေလှောင်တမံ‌ ရေပြည့်အမှတ်ထက်(၆)ပေ ကျော်လွန်နေ

———————————————————————————-

၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၂)ရက်

နေပြည်တော်ရှိ ပေါင်းလောင်း ရေလှောင်တမံ ရေပြည့်အမှတ်အထက် (၆)ပေကျော်လွန်ပြည့်လျှံနေပြီး ရေပိုလွှဲမှရေကျော်ကျဆင်းနေတယ်လို့ သိရပါတယ်။

စက်တင်ဘာလ(၁၁)ရက်မနက်(၆)နာရီတိုင်းတာချက်တွေအရ နေပြည်တော်ရှိ ရေလှောင်တမံတွေ အနက် ပေါင်းလောင်းရေလှောင်တမံတစ်ခုသာ ရေပိုလွှဲမှ ၆ ဒသမ ၀၆ ပေ ရေကျော်စီးဆင်းနေပြီး

အဓိကရေလှောင်တမံတွေဖြစ်တဲ့ ဆင်သေရေလှောင် တမံတွင် ၁၉ ပေခန့်၊ ချောင်းမငယ် ရေလှောင် တမံမှာ ငါးပေခန့်၊ မဒန်းရေလှောင်တမံမှာ ၁၁ ပေခန့်၊ ရေဆင်းရေလှောင်တမံမှာ ရှစ်ပေခန့်ရှိကာ ကန်ရေပြည့်အမှတ်သို့ရောက်ရှိရန် လိုအပ်နေပြီး ငလိုက်တမံမှာ ကန်ရေပြည့်အမှတ်သို့ ရောက်ရှိ နေတယ်လို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။

အခုရက်ပိုင်းအတွင်း မန္တလေးတိုင်းအတွင်းရှိ ဆည်တမံတွေမှာလည်း ရေပြည့်လျှံပြီး ရေလွှတ်တာတွေရှိနေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

Close menu