————————————————————————
ကချင်ပြည်နယ်၊ပူတာအိုသို့သွားရောက်နိုင်တဲ့ကားလမ်းတွေပြန်ပွင့်လာပြီဖြစ်သော်လည်း ကုန်ဈေးနှုန်းတွေ ကတော့ ပြန်မကျသေးလို့ ဒေသခံတွေအခက်ကြုံနေရတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ပူတာအိုမြို့မှာ ကုန်ဈေးနှုန်းတွေတက်နေပြီး ဆန်တစ်အိတ်ကို(၄)(၅)သိန်းလောက်ရှိ နေတော့ ဒေသခံတွေရုန်းကန်နေရတယ်လို့ပြောပါတယ်။
‘’ပူတာအို-မြစ်ကြီးနားကားလမ်းတွေကစက်တင်ဘာလ(၂၉)ရက်ကတည်းကပြန်ပွင့်လာပြီ။ ကားလမ်းပွင့်တယ်ဆိုတာကလည်း ကုန်ပစ္စည်းတွေပဲပြန်ဖွင့်ပြီး လူသွားလာလို့ ခက်ခဲနေသေးတယ်။ ကားလမ်းပြန်ပွင့်လာပေမယ့် ကုန်ဈေးနှုန်းကတော့ပြန်မကျသေးဘူး။ ကျွန်တော်တို့ဆီမှာ ဆန်တစ်အိတ် (၄)၊(၅)သိန်းလောက်ပေးဝယ်နေရသေးတယ်”လို့ ပူတာအိုဒေသခံတစ်ဦးကပြောပြပါတယ်။