၂၀၂၄၊နိုဝင်ဘာလ၊၇ရက်
လာမည့်ပွင့်လင်းရာသီမှာ ရေခဲတောင်ခရီးစဉ်များ ဖွင့်လှစ်ပြီဖြစ်တာကြောင့် ဝန်ဆောင်မှုကောင်းတွေပေးနိုင်ဖို့ ခရီးသွားအေဂျင်စီတွေဘက်က အသင့်ပြင်တယ်လို့ ပူတာအို ခရီးသွားအေဂျင်စီတချို့ ထံမှ သိရပါတယ်။
ပူတာအိုဒေသဟာ အာဆီယံဒေသတွင်းမှာ တစ်ခုတည်းသော ရေခဲတောင်တန်းတွေတည်ရှိတဲ့ နေရာဖြစ်သလို မြန်မာနိုင်ငံမှာ နှစ်စဉ် တောင်တက်ခရီးသွားတွေ လာရောက်လည်ပတ်မှုများတဲ့ ဒေသလည်းဖြစ်ပါတယ်။
မြန်မာပြည်မြောက်ဘက်စွန်း ပူတာအိုမြို့ကို ရန်ကုန်မြို့က (၃)နာရီကျော်ကြာ လေကြောင်းခရီးစဉ်ဖြင့် သွားလာနိုင်သလို မြစ်ကြီးနားမှတစ်ဆင့်လည်းသွားလာနိုင်တာဖြစ်ပါတယ်။
မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။