၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၁)ရက်
ပုသိမ်၊ငပုတောမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ ငဝန်မြစ်အတွင်းရှိစက်လှေ(၁)စီးမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရပါတယ်။
စက်တင်ဘာလ(၁၁)ရက်မနက်(၄)နာရီ (၂၅) မိနစ်အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ ငဝန်မြစ်အတွင်းရှိစက်လှေ(၁)စီးမီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဲဒီ့ စက်လှေမီးလောင်ကျွမ်းမှုကို ငပုတောမြို့နယ်မီးသတ်စခန်းမှ ရှာကယ်စက်လှေ(၂)စီး၊ အပေါ့စားမီးသတ်စက်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၀၅ ၄၅ အချိန် မီးထိန်းနိုင်ပြီး ၀၆ ၁၀ အချိန် မီးငြိမ်းသွားတယ်လို့ သိရပါတယ်။