Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပုပ္ပါးတောင်ဒေသကို ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်ဖြစ်လာအောင်ဘူမိနယ်မြေ (၁၅)ခုထပ်တိုးမည်

———————————————————————————-

၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၁)ရက်

ပုပ္ပါးတောင်ဒေသကို ယူနက်စကိုအသိအမှတ်ပြုတဲ့ကမ္ဘာ့အဆင့် ကမ္ဘာလုံးဆိုင်ရာဘူမိဥယျာဉ်ဖြစ်အောင် ဘူမိနယ်မြေတိုးချဲ့ဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ဘူမိနယ်မြေများလေ ယူနက်စကိုကပိုပြီးတော့ ကမ္ဘာ့အဆင့်အသိပြုနိုင်ခြေများလေဖြစ်တဲ့အတွက် ဘူမိနယ် မြေတွေတိုးချဲ့ဆောင်ရွက်သွားဖို့ရှိတာဖြစ်ပါတယ်။

မူလက ဘူမိနယ်မြေ(၁၅)ခုနဲ့ဖွဲ့စည်းထားရာမှ ယူနက်စကိုအသိအမှတ်အပြု ကမ္ဘာလုံးဆိုင်ရာဘူမိဥယျာဉ် ဖြစ်လာအောင် နောက်ထပ်ဘူမိနယ်မြေ(၁၅)ခုတိုးချဲ့ပြင်ဆင်နိုင်ရေးကိုဆောင်ရွက်သွားဖို့ရှိတယ်လို့ ဖော်ပြ ထားပါတယ်။

ပုပ္ပါးတောင်ဒေသကမ္ဘာ့ဘူမိဥယျာဉ်အဖြစ်အသိအမှတ်ပြုခံရပါက မြန်မာနိုင်ငံရဲ့ သယံဇာတကြွယ်ဝမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကမ္ဘာ့နိုင်ငံတွေကသိရှိနိုင်မှာဖြစ်ပြီး ‌ရှေးဟောင်းအမွေအနှစ်သမိုင်း၊ ဇီဝမျိုးစုံ မျိုးကွဲ သဘာဝအလှတရားတွေတစုတစည်းတည်းကို ဘူမိဥယျာဉ်မှာ တွေ့ရှိရမှာဖြစ်တယ်လို့ သိရပါတယ်။