ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေနဲ့ International School တွေမှာ နေ့စဉ်နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းတွေ ပြုလုပ်ကြရမယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက် နံနက်ပိုင်းက နေပြည်တော်မှာရှိတဲ့ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ တက္ကသိုလ်ပါမောက္ခချုပ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပညာရေးမှူးတွေ၊ ခရိုင်ပညာရေးမှူးတွေနဲ့ တွေ့ဆုံစဉ် မှာ ပြည်ထောင်စုဝန်ကြီးက အခုလို အသိပေးသွားခဲ့တာလို့ သိရှိရပါတယ်။
တချို့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေဟာ နိုင်ငံတော်အလံကို အလေးပြုတာ မပြုလုပ်သလို နိုင်ငံတော်သီချင်း သီဆိုတာလည်း မရှိကြောင်း တချို့သော ကျောင်းသားမိဘတွေက လူမှုကွန်ယက်တွေမှာ ဝေဖန်လာပြီးတဲ့နောက် ပြည်ထောင်စုဝန်ကြီးက အခုလို ပြောလိုက်တာပဲဖြစ်ပါတယ်။