Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပုဂ္ဂလိကျောင်းများအားလုံး ကျောင်းလခ တပြေးညီသတ်မှတ်ရန်မဖြစ်နိုင်သေးဟုဆို

————————————————————-

၂၀၂၄ ဩဂုတ်လ ၂၁ရက်

ပုဂ္ဂလိကကျောင်းတွေအနေနဲ့ ကျောင်းဖွင့်ထားတဲ့နေရာ၊ ဝန်ဆောင်မှုပေးထားတာတွေ မတူညီတဲ့ အတွက် ကျောင်းလခတွေသတ်မှတ်ရာမှာ ကျောင်းအားလုံးတပြေးညီ သတ်မှတ်ဖို့ မဖြစ်နိုင်သေးဘူးလို့ မြန်မာနိုင်ငံပုဂ္ဂလိကကျောင်းများအသင်းမှ သိရပါတယ်။

ကျောင်းလခတွေကို သင့်တင့်မျှတအောင်သတ်မှတ်ပေးနိုင်သော်လည်း ကျောင်းတည်နေရာ၊အကျယ် အဝန်းနဲ့ ရင်းနှီးမြုပ်နှံထားရတဲ့ ပမာဏတွေမတူညီတဲ့အတွက် ပုဂ္ဂလိကကျောင်းအားလုံးလခတပြေးညီ သတ်မှတ်ဖို့တော့မဖြစ်နိုင်သေးဘူးလို့ဆိုပါတယ်။

လတ်တလော ပုဂ္ဂလိကကျောင်းတွေရဲ့ ကျောင်းလခသတ်မှတ်နိုင်ဖို့ အခြေအနေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံပုဂ္ဂလိကကျောင်းများအသင်းဥက္ကဌ ဦးနေအုပ်က ‘’လှိုင်သာယာလိုနေရာမျိုးမှာ ဖွင့်ထားတဲ့ကျောင်းတွေနဲ့ မြို့ထဲအချက်အချာကျတဲ့နေရာတွေမှာ ဖွင့်ထားတဲ့ ကျောင်းတွေ ကျောင်းလခတွေတူမှာမဟုတ်သလို ကျောင်း facilityအပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားနိုင်တယ်’’ လို့ဆိုပါတယ်။

နိုင်ငံတကာမှာ ကျောင်းတွေရဲ့ရင်းနှီးမြုပ်နှံထားတဲ့ပမာဏအလိုက် Grade တွေခွဲခြားပေးထားပြီး Gradeအလိုက် ကျောင်းလခတွေသတ်မှတ်ထားကြပါတယ်။

အခုရက်ပိုင်းအတွင်း ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးအနေနဲ့ ကိုယ်ပိုင်ကျောင်းအချို့ရဲ့ သင်တန်းကြေးတွေ မြင့်မား နေမှုကြောင့် သင့်တင့်မျှတတဲ့နှုန်းထားတစ်ခုသတ်မှတ်ဆောင်ရွက်ရေး အတွက်ဆွေးနွေးခဲ့ပြီး ပုဂ္ဂလိကကျောင်းတွေအနေနဲ့ကြုံတွေ့ရတဲ့အခက်အခဲတွေကို တင်ပြထားတယ်လို့ သိရပါတယ်။