—————————————-
၂၀၂၄ခုနှစ် ဩဂုတ်(၂၃)ရက်
ပုဂံအမွေအနှစ်အတွက် အရေးအပါဆုံးဗိသုကာပညာရှင်ဆရာကြီး ပြင်သစ်နိုင်ငံသား ဆရာကြီးDr Pierre Pichard ဩဂုတ်လ(၂၂)ရက်ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
ဆရာကြီးဟာအသက် ၈၈ နှစ်အရွယ်မှာ သူနေထိုင်တဲ့ပြင်သစ်နိုင်ငံမှာကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
ဆရာကြီး Dr Pierre Pichardဟာပြင်သစ်နိုင်ငံသား ဗိသုကာပညာရှင်တစ်ဦးဖြစ်ပြီး ၁၉၈၈/၁၉၈၉မှာ မြန်မာနိုင်ငံ ကိုပထမဦးဆုံးလာရောက်ခဲ့ပြီး ပုဂံဘုရားတွေရဲ့Inventory စာရင်းကောက်ယူမှု တွေစတင်ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီ့နောက် ၁၉၇၅ခုနှစ် ပုဂံငလျင်လှုပ်ခတ်ပြီး နောက် ပုဂံဘုရားတွေပြုပြင်ရေးမှာ ကျွမ်းကျင်ပညာရှင်အဖြစ်ပါဝင်ခဲ့သလို ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းဖို့လည်း ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်လို့ သူကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြေကွဲရတယ်လို့ မြန်မာနိုင်ငံရှေးဟောင်းသုတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်(ငြိမ်း)ဒေါက်တာသိန်းလွင်ကလည်းပြောထားပါတယ်။
ပုဂံနဲ့ပတ်သက်လို့ ဆောင်းပါးတွေအပြင် အထူးခြားဆုံးအနေဖြင့် ပုဂံအကြောင်းInventory of Monuments at Bagan ကVolume (အထိ (၈) အုပ်အထိရေးသားခဲ့ပြီးပုဂံ အဆောက်အဦးနှစ်ထောင်ကျော် စာရင်းကောက်ယူပေးသွားခဲ့တယ် လို့ သိရပါတယ်။
ဆရာကြီးDr Pierre Pichard ကွယ်လွန်သွားတဲ့ အတွက် UNESCOမှာ တာဝန်ထမ်းဆောင်ဖူးတဲ့ မြန်မာ ရှေးဟောင်းသုတေသနပညာရှင် ဒေါ်ဥမ္မာမျိုး၊မြန်မာနိုင်ငံရှေးဟောင်းသုတေသနဌာနနဲ့ ပုဂံဒေသကမ္ဘာ့အမွေ အနှစ်စာရင်းတင်သွင်းနိုင်ဖို့ ကြိုးပမ်းရာမှာ ပါဝင်ခဲ့တဲ့ ဒီဇိုင်းမျိုးဆွေသန်းအပါအဝင် ပုဂံအမွေအနှစ် တွေကိုမြတ်နိုးသူတွေက အထူးဝမ်းနည်းကြေကွဲတယ်လို့ တင်ထားတယ်လို့ သိရပါတယ်။