————————————
၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၃)ရက်
ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေတဲ့သင်္ဘောစီးနင်းခတွေကို တိုးမြှင့်ကောက်ခံနေတယ်လို့ သိရပါတယ်၊၊
ပန်းဆိုးတန်း-ဒလ သင်္ဘောစီးနင်းခ စျေးနှုန်းဟာ အရင်က ၂၀၀ ကျပ်ဖြစ်ပြီး လက်ရှိမှာ ၃၀၀ ကျပ် ကောက်ခံတာဖြစ်တယ်လို့ ဆိုပါတယ်၊၊
“ဟိုးအရင်တုန်းက အသွား(၁၀၀)ကျပ် အပြန် (၁၀၀)ကျပ်ပေါ့။အဲဒီ့ကနေ အခု အသွား (၂၀၀) ၊အပြန်(၂၀၀)ကျပ်ဖြစ်လာတယ်။အခုကတော့ အသွား(၃၀၀)၊အပြန်(၃၀၀)ဖြစ်သွားတယ်။ ကျွန်တော်တို့ ကုန်ထမ်းသမားတွေကတော့ ကုန်ထမ်းခမတက်သေးပါဘူး။(၅၀၀)ကျပ်၊(၁၀၀၀)ကျပ်ပဲရှိပါသေးတယ်”လို့ ပန်းဆိုးတန်း-ဒလ သင်္ဘောဆိပ်မှ လုပ်သားတွေက ပြောပြပါတယ်။
ပန်းဆိုးတန်း-ဒလ ပြေးဆွဲပေးနေတဲ့ ချယ်ရီသင်္ဘောတွေဟာ နေ့စဥ်မနက် ၅ နာရီကနေ ည ၆ နာရီခွဲအထိ နေ့စဉ် သင်္ဘောခေါက်ရေ ၄၆ ခေါက် ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။