လူသိများ ထင်ရှားတဲ့ နာမည်ကြီး ပင်လုံဆေးရုံကြီးကို လတ်တလောမှာ လိုင်စင်ပိတ်သိမ်းလိုက်ပြီလို့ ကနဦးသတင်းတစ်ရပ် ကြားသိရပါတယ်။
ဘာအကြောင်းကြောင့် လိုင်စင်ပိတ်သိမ်းလိုက်တယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။
ပင်လုံဆေးရုံကြီးကို လိုင်စင်ပိတ်သိမ်းမှုဟာ လာမယ့်ဖေဖော်ဝါရီလကနေစလို့ အကျုံးဝင်လာမှာဖြစ်ပြီး ဖေဖော်ဝါရီလ(၂ လပိုင်း)ကစလို့ ရပ်နားထားရမယ်လို့ သိရှိရပါတယ်။
လိုင်စင်ပိတ်သိမ်းမှုက အပြီးသတ်ပိတ်သိမ်းလိုက်တာလား ဒါမှမဟုတ် ဘယ်လိုပိတ်သိမ်းလိုက်တာလဲဆိုတာကိုတော့ အတည်ပြုချက်ရဖို့ ဆက်လက်စုံစမ်းနေဆဲပဲဖြစ်ပါတယ်။