———————————
၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၂၂)ရက်
ရန်ကုန်တိုင်းမှာ ပင်စင်လာထုတ်တဲ့ပင်စင်စားတွေ ကို တစ်ဦးလျှင် စားအုန်းဆီ (၃)ပိဿာအထိ ရောင်းချပေးဖို့ရှိတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ(၂၁)ရက်ကနေ(၂၄)ရက်အထိ ပင်စင်ထုတ်ယူနိုင်တဲ့ စီးပွားရေးဘဏ်ခွဲတွေမှာ အလွယ်တကူဝယ်နိုင်အောင်ရောင်းချပေးမှာ ဖြစ်ပါတယ်။
အဲဒီလိုရောင်းချပေးတာကို ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရေး ကော်မတီမှရောင်းချပေးမှာဖြစ်ပြီး စားအုန်းဆီတစ်ပိဿကို ကျပ်၇၀၀၀ကျော်နှုန်းဖြင့် ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါတယ်။