—————————–
အီရှိကာဝါ၊ ဇန်နဝါရီ ၁
ဂျပန်နိုင်ငံ၊ အီရှိကာဝါစီရင်စုအနီးတဝိုက်မှာ ဇန်နဝါရီ ၁ ရက်နေ့က ဒေသစံတော်ချိန် ညနေ ၄ နာရီကျော်လောက်မှာ ရစ်ချ်တာ စကေး ၇ ဒသမ ၆ အဆင့်ရှိတဲ့ အင်အားပြင်းထန်တဲ့ ငလျင်ကြောင့် အဲ့ဒီဒေသမှာရှိနေတဲ့ မြန်မာလူမျိုးတွေ ဘေးလွတ်ရာမှာခိုလှုံနေကြရတယ်လို့ သိရပါတယ်။
ရစ်ခ်ျတာစကေး ၇ ဒသမ ၆ အဆင့်ငလျင်ဟာ စကောဝိုင်းသဏ္ဍန် တစ်မိနစ်ခန့် လှုပ်ခဲ့ခဲ့ပြီးနောက်မှာ နောက်ဆက်တွဲ ငလျင်ငယ်စုစုပေါင်း၁၇၆ကြိမ်အထိ ဆက်လက် လှုပ်ခတ်နေတုန်းလို့ ဆိုပါတယ်။
အသက်ဆုံးရှုံးသူအနည်းဆုံး၂၄ယောက်ရှိပြီး ငလျင်နောက်ဆက်တွဲ မီးလောင်မှုဖြစ်တဲ့ အိရှိကဝခရိုင် ဝဂျီမ မြို့တခုတည်းမှာအနည်းဆုံး ၁၅ယောက် အသက်ဆုံးရှုံးမှုရှိတယ်လို့ သိရပါတယ်။
ဂျပန်ဟာ ငလျင်ပြတ်ရွေ့ကြော ၃ခု အပေါ်မှာ ကျွန်းနိုင်ငံငယ်လေးတခု ဖြစ်တဲ့အတွက် မကြာခဏဆိုသလို ငလျင်ငယ်တွေလှုပ်လေ့ရှိပြီး ခန္ဓာကိုယ်ကမသိလိုက်တဲ့ ငလျင်တွေဟာ တနေ့တနေ့ အကြိမ် ၂၀၀ပတ်ဝန်းကျင်ခန့် လှုပ်လေ့ရှိတယ်လို့ ဂျပန်ငလျင်တိုင်း ဌာနရဲ့ မှတ်တမ်းအရသိရပါတယ်။