Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နှစ်စမှစပြီး သွင်းကုန်၊ ပို့ကုန်များအပေါ် အခွန် စည်းကြပ်နှုန်းတိုးလာ

————————————

၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၂)ရက်

၂၀၂၅ခုနှစ်၊နှစ်စမှစလို့ သွင်းကုန်၊ပို့ကုန်အပေါ် အခွန်ရာခိုင်နှုန်းတိုး‌ကောက်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဇန်နဝါရီ(၁)ရက်ကစပြီး ဗဟိုဘဏ်ရဲ့ ဈေးကွက်ငွေလဲနှုန်းနဲ့ ပြောင်းလဲပြီး အခွန်စည်းကြပ်သွားမှာ ဖြစ်တယ်လို့သွင်းကုန်၊ ပို့ကုန်အပေါ် အခွန်တိုးသွားဖို့ ရှိနေတာဖြစ်ပါတယ်။

အခွန်စည်းကြပ်ရာမှာ အရင်ကအသုံးပြုခဲ့တဲ့ ရည်ညွှန်းငွေလဲလှယ်နှုန်း (၁)ဒေါ်လာကို (၂၅၀၀) ကျပ်အစား ဈေးကွက်လဲလှယ်နှုန်းကို အခြေခံတဲ့ အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း ( Weekly Exchange Rate)နဲ့ပြောင်းလဲ အခွန်စည်းကြပ်မှာဖြစ်ပါတယ်။

အခုအပတ် နိုင်ငံခြားငွေလဲလှယ်နှုန်း ( Weekly Exchange Rate) ကတော့(၁)ဒေါ်လာကို (၃၅၈၈) ကျပ်ရှိတဲ့အတွက် သွင်းကုန်၊ ပို့ကုန်အပေါ် အခွန်(၇၀)ရာခိုင်နှုန်း တိုးလာတယ်လို့ သိရပါတယ်။

#mercury#mercurynews#ပြည်တွင်းသတင်း#နိုင်ငံခြားငွေလဲလှယ်နှုန်း

Oplus_131072