Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နွမ်းပါးသူတွေ ဒီပါဝလီနေ့မှာ ဝတ်နိုင် လှူနိုင်စေဖို့ ဆာရီအသစ်နဲ့ စားသောက်ကုန်တွေ လှူဒါန်းတဲ့ အလှူပွဲ

တမီလ်ရိုးရာ ဒီပါဝလီနေ့မှာ ပွဲတော်ကျင်းပဖို့ အခက်အခဲရှိနေသူတွေအတွက် အလှူရှင်တွေ ဒါနပြုတဲ့ ဆာရီအသစ်တွေနဲ့ အစားအသောက်တွေ သွားလှူပေးခဲ့သူ ပရဟိတ ကိုထွန်းမင်း
————————–
သိပ်မကြာခင်မှာ တမီလ်ရိုးရာ ဒီပါဝလီနေ့ ရောက်ရှိလာတော့မှာပါ။ ဘယ်ဘာသာတရားကို သက်ဝင်ယုံကြည်သူပဲဖြစ်ဖြစ်၊ ဘာလူမျိုးပဲဖြစ်ဖြစ် သူတို့ အထွဋ်အမြတ်ထားရှိတဲ့ ပွဲတော်ကာလကို ရောက်လာပြီဆိုရင် ဝတ်စုံသစ်လေးတွေ၊ ဝတ်ကောင်းစားလှလေးတွေ ဝတ်ဆင်နိုင်ဖို့ စိတ်ကူးယဉ်တတ်ကြလေ့ ရှိပါတယ်။ ဆင်းရဲနွမ်းပါးသူ ဖြစ်နေခဲ့ရင်တောင် ပွဲတော်ကာလ အခါသမယကို ရောက်လာခဲ့ရင် အဝတ်အစားသစ်လေး ဝတ်ဆင်ခွင့်ရရှိချင်တာဟာ လူသားတိုင်းရဲ့ဆန္ဒပါပဲ။ မြန်မာမှာ သီတင်းကျွတ်ရှိသလို ဒီပါဝလီဆိုတာက တမီလ်တို့ရဲ့သီတင်းကျွတ်လို့ ပြောနိုင်ကြောင်း ကိုထွန်းမင်းက ရှင်းပြပါတယ်။ အဲ့ဒီနေ့မှာ အကြော်တွေကို ဘုရားမှာကပ်ပြီးသွားတာနဲ့ မိဘတွေ၊ ကိုယ့်ထက် အသက်ကြီးသူတွေ ရှိတဲ့အိမ်တွေ၊ ဆွေမျိုးတွေရဲ့အိမ်တွေဆီ ဆက်သွားကာ မုန့်တွေနဲ့အတူ တမီလ်တွေက ကန်တော့ကြတယ်လို့ သိရပါတယ်။ ဒီပါဝလီနေ့ဟာ တမီလ်တွေအတွက် နေ့ထူးနေ့မြတ်ဖြစ်သလို ပျော်ပွဲရွှင်ပွဲနေ့လည်း ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ တမီလ်ရိုးရာတွေကို အရမ်းသဘောကျတဲ့ ထိုင်ဝမ်က မြန်မာတရုတ်တစ်ဦးနဲ့ အိန္ဒိယနိုင်ငံက လုပ်ငန်းရှင်တစ်ဦးတို့က ကိုထွန်းမင်းကို ဆက်သွယ်ပြီး အခက်အခဲကြုံနေရတဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက် ဒီပါဝလီအခါသမယမှာ ပျော်ရွှင်ခွင့်ရစေဖို့ အလှူဒါနပြုပေးခဲ့ပါတယ်။ ထိုင်ဝမ်က မြန်မာတရုတ် အလှူရှင်က ဒီပါဝလီမှာ မုန့်တွေကြော်နိုင်စေဖို့အတွက် မုန့်ကြော်ဖို့ပစ္စည်းတွေ လှူဒါန်းပေးခဲ့ပြီး အိန္ဒိယလုပ်ငန်းရှင်ကတော့ အခက်အခဲရှိတဲ့ သက်ကြီးပိုင်းအဖွားတွေအတွက် ဆာရီအသစ် တစ်ယောက်ကို တစ်ထည်စီ လှူဒါန်းပေးခဲ့တယ်လို့ ပရဟိတ ကိုထွန်းမင်းက ပြောပြပါတယ်။ တမီလ်ရိုးရာ ဒီပါဝလီနေ့မှာ ပွဲတော်ကျင်းပဖို့ အခက်အခဲရှိနေသူတွေအတွက် အလှူရှင်တွေ ဒါနပြုတဲ့ ဆာရီအသစ်တွေနဲ့ အစားအသောက်တွေကို ကိုထွန်းမင်း သွားရောက်ပေးအပ်လှူဒါန်းတဲ့ အလှူပွဲလေးအကြောင်းကို Mercury Variety က တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #KoHtunMinn #ကိုထွန်းမင်း #စေတနာရှင် #ပရဟိတ #အလှူဒါန #ဒီပါဝလီနေ့ #ဒီပါဝလီ #တမီလ် #ဆာရီ #စားသောက်ကုန် #သီတင်းကျွတ် #ပျော်ပွဲရွှင်ပွဲ #Yangon #Myanmar