———————————–
၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၉)ရက်
အခုရက်ပိုင်းအတွင်း နေ့ပူကာညချမ်းမှာဖြစ်ပြီး နေ့အပူချိန်မြင့်မားတဲ့အတွက် မီးလောင်လွယ်လို့ဂရုစိုက်ဖို့လိုအပ်တယ်လို့ သိရပါတယ်။
နံနက်အစောပိုင်း(၆)နာရီခန့်မှာ အအေးဆုံးအချိန် ဖြစ်ပြီး မွန်းလွဲ ၂ နာရီဝန်းကျင်မှာတော့ အပူဆုံးအ ချိန်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၉ ရက် မှ ဇန်နဝါရီ ၁၅ ရက်အထိ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်မြောက်ပိုင်းဒေသများမှအပ ကျန်ပြည်နယ်တိုင်းဒေသအားလုံးတွင် နေ့အပူချိန်များသည် ၃၀ °C အထက်ဆက်လက်ရှိနေမှာဖြစ်တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။
ည အပူချိန်တွေအနေနဲ့ ကရင်ပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်တောင်ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသတွေမှအပ ကျန်ပြည်နယ်တိုင်းဒေသအားလုံးမှာ ၂၀ °C အောက်သို့ ကျဆင်းပြီး အအေးပိုလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မီးလောင်တဲ့အချိန် မီးဧရိယာကျယ်ပြန့်လျှင် ပြင်ပမှတိုးဝင်လာတဲ့ အားပြင်းတဲ့လေပြင်းတွေကြောင့်လည်းကောင်း “မီးလောင်ရာ လေပင့်”တဲ့အခြေအနေဖြစ်နိုင်တာကြောင့် မီးဘေးအန္တရာယ်ကို အထူးသတိထားကြဖို့လည်း မိုးလေဝသပညာရှင်ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။